မတ်တပ်ရပ်ပြီးရေသောက်ခြင်းရဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ

blank

“ရေ” လို့ဆိုလိုက်ရင် အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံးအရာအဖြစ် အားလုံးသိကြပါ တယ်။ ကျန်းမာရေးအတွက် လုံလောက်တဲ့ရေပမာဏကို နေ့စဉ်သောက်ပေးသင့်တယ်ဆိုတာကိုလည်း သိထားကြပါတယ်။ ဒါပေမဲ့… ရေသောက်တဲ့အခါ မတ်တပ်ရပ်ပြီးရေသောက်တာက ကျန်းမာရေးအ တွက် ဆိုးကျိုးတွေဖြစ်စေတယ်ဆိုတာကိုတော့ အများစုမသိကြပါဘူး။ ဘယ်လိုဆိုးကျိုးတွေရှိစေလဲဆို တာကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်။

၁။ မတ်တပ်ရပ်ပြီးသောက်လိုက်တဲ့အတွက် တောက်လျှောက်စီးဝင်သွားတဲ့ရေတွေဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ကူညီပံ့ပိုးပေးတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ ရောက်မသွားတော့ပါဘူး။ ဒါကြောင့် အပြင်ထွက်ရမယ့် အညစ်အကြေးတွေကလည်း ကျောက်ကပ်နဲ့ ဆီးအိမ်ထဲမှာ သွားအနည်ထိုင်နေတတ် ကြပါတယ်။

၂။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက သဘာဝစနစ်နဲ့ မကိုက်ညီသလို အာရုံကြောစနစ်တွေကိုလည်း လှုံ့ဆော်တဲ့အတွက် အန္တရာယ်ဖြစ်စေပါတယ်။ ရေရဲ့အာဟာရဓာတ်တွေဟာ အလဟဿဖြစ်သွားပြီး ခန္ဓာကိုယ်အနေနဲ့ စိတ်ဖိစီးမှုတွေ၊ ပူပင်ကြောင့်ကြမှုတွေကို ကြုံတွေ့ရပါတယ်။

၃။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းက ရေငတ်နေတာကိုလည်း မပြေစေပါဘူး။ တိုက်ရိုက်ဝင်သွားတဲ့ ရေတွေဆီက အာဟာရဓာတ်နဲ့ ဗီတာမင်တွေဟာ အသည်းနဲ့အစာချေအစိတ်အပိုင်းတွေဆီလည်း မရောက်ပါဘူး။ ဒါ့အပြင် အဆုတ်၊ နှလုံးနဲ့ အောက်ဆီဂျင်ရရှိမှုကိုပါ ထိခိုက်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ မတ်တပ်ရပ်ပြီးရေသောက်ခြင်းက ခန္ဓာကိုယ်အောက်ခြေအထိရေတောက်လျှောက်စီးဝင်သွားတဲ့ အတွက် အရိုးနဲ့အဆစ်အမြစ်တွေအတွက်လည်း မကောင်းပါဘူး။ အဆစ်အမြစ်တွေ နာကျင်တာ၊ အရိုးတွေ ပျက်စီးလာတာ၊ အားနည်းလာတာမျိုးတွေ ကြုံရနိုင်ပါတယ်။

၅။ ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ ခါးမတ်မတ်ထိုင်ပြီး ရေသောက်ခြင်းကသာ ကျန်းမာရေးအတွက် အကောင်း ဆုံးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ထိုင်ပြီးသောက်လိုက်တဲ့ရေတွေဆီက အာဟာရဓာတ်တွေ ဟာ ဦးနှောက်ထဲရောက်တဲ့အခါ လုပ်ဆောင်ချက်တွေကို တိုးမြှင့်လာစေပါတယ်။ အစာချေစနစ်လည်း ပိုကောင်းလာပါတယ်။ ရေသောက်ပြီး လေပွနေတာမျိုးလည်း မဖြစ်တော့ပါဘူး။ ခန္ဓာကိုယ်ရဲ့ကိုယ်တွင်း အင်္ဂါတွေအားလုံးဆီ အာဟာရဓာတ်တွေ ရောက်ရှိသွားတဲ့အတွက် အဆိပ်အတောက်တွေ ပြန်ထွက် သွားတယ်။ အညစ်အကြေးကင်းစင်ပြီး တစ်ကိုယ်လုံးကျန်းမာစေပါတယ်။

စာချစ်သူတို့ရေ… ရေကို မတ်တပ်ရပ်သောက်ခြင်းရဲ့ဆိုးကျိုးတွေကို မျှဝေပေးလိုက်ပြီမို့  အပြင်ကနေ အိမ်ပြန်ရောက်တဲ့အခါ ခါတိုင်းလိုပဲ မောမောနဲ့ ရေမတ်တပ်ရပ်ပြီးသောက်တာမျိုးတွေ မလုပ်မိအောင် သတိပြုဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။