ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်နည်း (၅) သွယ်

blank
Cheerful Smart Casual Woman Celebrating

ဂျပန်လူမျိုးတွေဟာ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်သူတွေအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ထင်ရှားကျော်ကြားသူတွေပေါ့။ အဲ့ဒီလိုအသက်ရှည်စွာ နေထိုင်သွားသူတွေထဲမှာ ဒေါက်တာ ရှီဂီယာကီ ဟီနိုးဟီရာ (Dr. Shigeaki Hinohara) က တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။  အသက် ၁ဝ၅ နှစ်ထိ ရှင်သန်နေထိုင်သွားတဲ့ သူကျင့်သုံးခဲ့တဲ့ နည်းလမ်းကောင်းလေးတွေကို  စာချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ ကျန်းမာချင်တယ်ဆိုရင် ဘဝကို နေပျော်အောင်နေပါ။ ပျော်ရွှင်မှုဟာ နာကျင်စရာကောင်းတဲ့ ဝေဒနာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းဖို့ စွမ်းနိုင်ပါတယ်။

၂။ အသက်ကြီးလာပြီ အနားယူတဲ့အရွယ်ရောက်လာပြီဆိုတဲ့စိတ်နဲ့ အရာအားလုံး ကိုယ်နဲ့မဆိုင်သလိုမနေပါနဲ့။ ဘာမှမလုပ်ဘဲနေတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကိုလည်း လျော့နည်းနေစေပါတယ်။ အလုပ်နဲ့ လက်မပြတ်အောင်နေတာက ဘဝကို ပိုပြီး အဓိပ္ပါယ်ရှိစေပါတယ်။

၃။ ကိုယ်အလေးချိန် အတိုးအလျှော့ကို ချိန်ကြည့်နေဖို့နဲ့ ခန္ဓာကိုယ်တွင်း သွေး၊လေ မျှတစေဖို့ အစားအစာကို ရွေးချယ်စားသုံးပါ။ အသားစားတဲ့အခါမျိုးမှာလည်း ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အဆီနည်းတဲ့ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကျန်းမာရေးနဲ့ ညီညွှတ်နေစေဖို့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်ပါ။ လေ့ကျင့်ခန်းဆိုတာ တကူးတကလုပ်ဆောင်မှ မဟုတ်ပါဘူး။ စက်လှေကားစီးမယ့်အစား ရိုးရိုးလှေကားက တက်တာမျိုး၊ အထုပ်တွေကို ကိုယ်နိုင်သလောက် သယ်တာမျိုးလေးတွေကလည်း ကျန်းမာစေပါတယ်။

၅။ ရုပ်ဝတ္ထုပစ္စည်းတွေကို တွယ်တာတတ်တဲ့အကျင့်ကို စွန့်လွှတ်ထားပါ။ ပစ္စည်းဥစ္စာတွေအပေါ် တွယ်တာတတ်တဲ့ စိတ်လေးကိုလွှတ်ချနိုင်လေလေ စိတ်ချမ်းသာလေလေပဲ မဟုတ်လား။

အသက်ရှည်ပြီး၊ ကျန်းမာစေမယ့်  ဒီနည်းလမ်းကောင်းလေးတွေကို ချစ်ရသူတွေအတွက် ဝေမျှပေးလိုက်ပါဦးနော်။