သင့်ကလေး ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးလာစေဖို့ ကျွေးသင့်တဲ့အစားအစာ(၅)မျိုး

blank
ဂန္ထဝင်စာချစ်သူ မေမေတို့ရေ

သားသားမီးမီးလေးတွေကို ကိုယ်ခန္ဓာကျန်းမာပြီး ဉာဏ်ကာင်းစေချင်တာဟာ မေမေတွေအားလုံးရဲ့ ဆန္ဒပါ။ အဲ့ဒီဆန္ဒလေးကို တကယ်ဖြစ်စေဖို့အတွက် ရင်သွေးလေးတွေကို ကျွေးသင့်တဲ့ အစားအစာတွေကို စာချစ်သူမေမေတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဉာဏ်ရည်ထက်မြက်မှုအတွက်အရေးကြီးတဲ့ အာဟာရဓာတ် အိုမီဂါ-၃ အဆီကြွယ်ဝစွာပါဝင်တဲ့ ဆယ်လ်မွန်ငါး။

၂။ အမြင်အာရုံအတွက် အထောက်အကူပြုနိုင်တဲ့  ဗီတာမင်တွေ ကြွယ်ဝစွာပါဝင်တဲ့ တရုတ်မုန်ညှင်း။

၃။ ကြွက်သားတွေ သန်မာစေဖို့ ကူညီပေးနိုင်တဲ့ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အာဟာရဓာတ်တွေကို ကောင်းစွာစုပ်ယူနိုင်စေတဲ့ အုတ်ဂျုံ။

၅။ လန်းဆန်းတက်ကြွမှုနဲ့ ဉာဏ်ရည်ဖျတ်လတ်မှုကို အထောက်အကူပြုနိုင်တဲ့  ပဲအမျိုးမျိုး။

ဒီအစားအစာလေးတွေဟာ မေမေတို့ရဲ့ အသည်းတုံးလေးတွေကို ကိုယ်ခံအားကောင်းပြီး ကျန်းမာရွှင်လန်းနေစေဖို့ ကူညီပေးနိုင်မှာ အသေအချာပါပဲ။ အဲ့ဒါကြောင့် ဒီအစားအစာလေးတွေကို သင့်တင့်မျှတအောင် ကျွေးပေးဖို့ တိုက်တွန်းပါရစေနော်။ အခြားမေမေတွေ ဖတ်ရအောင် ဒီစာလေးကို ဝေမျှပေးလိုက်ပါဦးနော်။