ခန္ဓာကိုယ် ရေဓာတ်ကြွယ်ဝနေစေဖို့ ရေသောက်နေရုံနဲ့ မလုံလောက်ရတဲ့ အကြောင်းအရင်း

blank

ခန္ဓာကိုယ်ကို သုံးပိုင်းပိုင်းရင် နှစ်ပိုင်းက ရေတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာ သင်သိပါသလား။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ သေးငယ်တဲ့ဆဲလ်လေးတွေကအစ အပေါ်ယံမှာရှိတဲ့ အရေပြားအဆုံး သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်စေဖို့ ရေဓာတ်ကို မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမဲ့ ရေဓာတ်အမြဲ ပြည့်ဝနေစေဖို့ ရေသောက်နေရုံနဲ့ မလုံလောက်သေးပါဘူး။ ရေဓာတ်ကြွယ်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့အသီးအနှံနဲ့ အရွက်တွေကို များများစားသုံးပေးရပါမယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ် လိုအပ်တဲ့ ရေဓာတ်ပမာဏ ငါးပုံတစ်ပုံကို သင်စားသုံးတဲ့ အစားအစာတွေဆီက ရရှိလာတာပါနော်။ ဒါကြောင့် အစာစားသုံးတဲ့နေရာမှာ အဆိပ်အတောက်မဖြစ်စေဖို့ အဓိကထားပြီး ရွေးချယ် စားသုံးသင့်ပါတယ်။ စာချစ်သူတို့အတွက် ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံနဲ့ အရွက်တွေကို ဂန္ထဝင်မှ ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

သခွားသီး (ရေဓာတ် ၉၆%)

ခရမ်းချဉ်သီး (ရေဓာတ် ၉၅%)

တရုတ်မုန်ညှင်း (ရေဓာတ် ၉၃%)

မှို (ရေဓာတ် ၉၂%)

ဖရဲသီး (ရေဓာတ် ၉၁%)

မုန်လာပန်းစိမ်း

လိမ္မော်သီး (ရေဓာတ် ၈၆%)

ပန်းသီး (ရေဓာတ် ၈၅%)

ဘလူးဘယ်ရီ(ရေဓာတ် ၈၄%)

ရေသောက်နည်းတဲ့ သူငယ်ချင်းလေးအတွက် ဒီစာကို ဝေမျှသွားဖို့လည်း မမေ့နဲ့နော်။