ငှက်ပျောသီးတစ်လုံးကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

blank

၁။ ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အားကစားသမားတွေ အကြိုက်ပါ။

၂။ ငှက်ပျောသီးမှာ ကြွယ်ဝစွာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်က စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ကတော့ စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ဓာတ်နဲ့ သဘာဝဆားအနည်းငယ်ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကောင်းမွန်စေပြီး သွေးတိုးရောဂါကို သက်သာစေပါတယ်။

၎။ ငှက်ပျောသီးကိုနေ့တိုင်းစားရင် မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ငှက်ပျောသီးမှာ သံဓာတ်လည်းပါဝင်တာကြောင့် သွေးအားနည်းရောဂါကို သက်သာစေပါတယ်။

၆။ ငှက်ပျောသီးများများစားရင် ဟော်မုန်းပမာဏ ညီမျှစေပါတယ်။

၇။ ကိုယ်ဝန်ဆောင်သည်တွေ ငှက်ပျောသီးပုံမှန်စားပေးရင် ခေါင်းမူးပျို့အန်တာတွေ လျော့ပါးပြီး သွေးတွင်းသကြားဓာတ်ပမာဏ မျှတစေပါတယ်။

၈။ ငှက်ပျောသီးက အစာအိမ်အတွင်းမှာ အလွှာတစ်ခုဖြစ်ပေါ်စေပြီး အစာအိမ်ရောင်ရမ်းတာတွေ၊ အစာအိမ်အချဉ်ပေါက်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၉။ ငှက်ပျောသီးမှာ သွေးတွင်းဂလူးကို့စ်ဓာတ်အတွက် အရေးပါတဲ့ ဗီတာမင် ၆ မျိုးပါဝင်ပါတယ်။

၁ဝ။ ငှက်ပျောသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းမှန်စေပါတယ်။

ငှက်ပျောသီးကြိုက်သူတွေကို mention ခေါ်လိုက်ပါဦး။