ကိုယ်ရော စိတ်ပါ ကျန်းမာဖို့အတွက် ဒီအချက်တွေကို လိုက်နာလိုက်ကြရအောင်

blank

စာချစ်သူတို့ရေ ခန္ဓာကိုယ်ကျန်းမာရေးဟာ စိတ်နှလုံးကျန်းမာရေးနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ပြောကြတယ်။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာပြီး ကိုယ်ကျန်းမာရင်လည်း စိတ်ချမ်းသာနေရတာပဲမဟုတ်ပါလား။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အမူအကျင့်ကောင်းလေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

၁။ ခါးနာဝေဒနာသက်သာစေဖို့ အမျှင်ဓာတ်ပါဝင်တဲ့ ပဲ၊ထောပတ်သီး၊အုတ်ဂျုံနဲ့ ဘယ်ရီသီးတွေကို စားသုံးပေးပါ။

၂။ အစာအိမ် အူလမ်းကြောင်း သန့်ရှင်းနေစေဖို့ ဒိန်ချဉ်၊ နို့ချဉ် အစရှိတဲ့ probiotics ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။

၃။ ပြေးတာ၊ ခုန်တာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေများများပြုလုပ်ပေးပါ။

၎။ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တစ်မျိုးပါဝင်တဲ့ အစေ့အဆန်တွေ စားသုံးပေးပါ။

၅။ ကျန်းမာဖို့ ကစီဓာတ်ကို မျှမျှတတ ချင့်ချိန်စားသုံးပါ။

၆။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃ဝ လမ်းလျှောက်ပါ။

၇။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အသား၊ငါး၊နို့ထွက်ပစ္စည်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ပဲ တို့ကို နေ့စဉ်စားသုံးပေးပါ။

၈။ ရေများများသောက်ပါ။

၉။ အစာစားရင် သတိထားပြီးစားပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ စိတ်ဖိစီးတာဟာ ကိုယ်အလေးချိန်ကို မြှင့်တက်လာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။

၁၁။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်ဖို့ အစားအသောက်ဇယားပြုလုပ်ထားပါ။

၁၂။ ညဘက် အိပ်ရေးဝအောင် အိပ်ပါ။

၁၃။ ဗိုက်မပူချင်ရင် ငါးနဲ့ကြက်ဥ များများစားပါ။

၁၄။ သွေးလည်ပတ်မှုကောင်းစေဖို့ သကြားလျှော့စားပါ။

၁၅။ ကော်ဖီ(သို့) ဂရင်းတီးသောက်ပါ။ အချိုဓာတ် အများကြီး မပါပါစေနဲ့။

ချစ်ရတဲ့သူတွေကို ကျန်းမာစေချင်ရင် ဒီစာကို share လိုက်ပါ။