သင့်နှလုံးကိုချစ်ရင် ဒီလိုဂရုစိုက်ပါ။

blank

၁။ သွားနဲ့ခံတွင်း သန့်ရှင်းအောင်ထားပါ။

သွားဖုံးရောဂါဟာ နှလုံးကျန်းမာရေးကို တိုက်ရိုက်ညွှန်ပြနေပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရ သွားနဲ့ခံတွင်း သန့်ရှင်းအောင်ထားခြင်းက နှလုံးကျန်းမာရေးရဲ့ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။ သွားနဲ့ခံတွင်း မသန့်ရှင်းရင် သွားဖုံးရောဂါသာမက သွေးထဲက C-reactive protein အဆင့်ကို မြှင့်တက်ပြီး နှလုံးအတွက်ဆိုးကျိုးတွေအပြင် လေဖြတ်ခြင်းအထိဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အာဟာရဓာတ်ပြည့်ဝစွာ စားသုံးပါ။

နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာ အာဟာရဓာတ်ကြွယ်ဝတာတွေကော၊ မကြွယ်ဝ တာတွေပါ ပါဝင်နေပါတယ်။ ကိုယ်လက်စထရောကျစေပြီး သွေးပေါင်ချိန်ထိန်းပေးမယ့် အစားအစာ တွေကို မှန်ကန်စွာရွေးချယ်စားသောက်ဖို့ လိုပါတယ်။ အငန်လျှော့စားပါ။ အရက်လျှော့သောက်ပါ။

၃။ အိပ်ရေးဝဝ အိပ်စက်ပါ။

အိပ်ချိန်နည်းခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်စေတဲ့အပြင် အသက်တိုစေပါ တယ်။ လေ့လာချက်တွေအရ အိပ်ချိန်နည်းလွန်းတဲ့သူတွေမှာ နှလုံးကျန်းမာရေး ထိခိုက်ခြင်း၊ သွေး ပေါင်အတက်အကျမမှန်ခြင်းစတာတွေဖြစ်စေတာကြောင့် နှလုံးကျန်းမာဖို့ဆို အိပ်ရေးဝဝအိပ်ဖို့ အရေး ကြီးလှပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆေးလိပ် လျှော့သောက်ပါ။  

လေ့လာချက်တွေအရဆေးလိပ်သောက်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေပြီး သွေးလွှတ်ကြောထဲက အဆီအမှုန်လေးတွေ များလာစေပါတယ်။ ဒါကြောင့် ဆေးလိပ် သောက်ခြင်းဖြင့် အဆုတ်ပျက်စီးရုံသာမက နှလုံးကျန်းမာရေးထိခိုက်နိုင်ခြေ ၃ဝ ရာခိုင်နှုန်းပိုများ ပါတယ်။

၅။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။

နှလုံးကျန်းမာဖို့ အဓိက သော့ချက်က လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းပါ။ ဖျတ်လတ်တက်ကြွစေဖို့ တစ်ပတ်ကို လေ့ကျင့်ခန်း ၃ရက် မှ ၅ ရက်အထိ ပုံမှန်လုပ်သင့်ပါတယ်။ Gym မှာ ကစားတာပဲဖြစ်ဖြစ်၊ အပြေးလေ့ကျင့်တာဖြစ်ဖြစ်၊ ပုံမှန်လမ်းလျှောက်တာဖြစ်ဖြစ် နှစ်သက်ရာကိုယ်လက်လှုပ်ရှားမှုကို ရွေးချယ်လို့ရပါတယ်။

ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာလေးတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။