(၂ဝ၂ဝ) မှာ ကျန်းမာရေးကောင်းမွန်ဖို့

blank

“ကျန်းမာခြင်းဆိုတာ ချမ်းသာခြင်း” ဆိုသလိုပဲ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာပြီး အလုပ်တွေကိုလည်း စိတ်ရှိသလောက်လုပ်နိုင်မှာမဟုတ်လား။ (၂ဝ၂ဝ) မှာ အလုပ်တွေကို ဘယ်လိုကြိုးစားသွားမယ်၊ ငွေတွေဘယ်လိုရှာမယ်၊ ဘယ်တွေကိုခရီးထွက်ပစ်လိုက်မယ်ဆိုတဲ့ ပန်းတိုင်တွေသတ်မှတ်ထားတယ်ဆိုရင် ထိပ်ဆုံးကနေ ထပ်တိုးပြီး သတ်မှတ်ထားရမယ့် ပန်းတိုင်တစ်ခုက “ကျန်းမာအောင်နေမယ်” ဆိုတဲ့ ပန်းတိုင်လေးပါပဲ။ သင်လုပ်ချင်တာတွေကို လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းမွန်နေမှရမယ် မဟုတ်လား။ ဒါ့ကြောင့် (၂ဝ၂ဝ) မှာ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ဂန္ထဝင်နဲ့အတူတူ အောက်က အချက်လေးတွေကို လိုက်လုပ်ကြစို့လား။

နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲမှာ “ကိုယ်လက်လှုပ်ရှားမှု” လေးတွေ မပျက်မကွက် ထည့်သွင်းပြီး မှန်မှန်လုပ်ဆောင်သွားမယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ်ရဲ့ ဘဝနေနည်းနဲ့ လိုက်ဖက်တဲ့ အားကစားတစ်မျိုးမျိုးကို စနစ်တကျရွေးချယ်မယ်။

အားလပ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့အတူတူ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်မယ်။ အဲ့ဒီလိုလုပ်ခြင်းက ကျန်းမာရေးကိုကောင်းမွန်စေမယ့်အပြင် သူငယ်ချင်းတွေအတွက်ပါ အချိန်ပေးပြီးသားဖြစ်မယ်လေ။

အစားအစာတွေကို အရသာကောင်းတာ တစ်ခုတည်းမဟုတ်ဘဲ အာဟာရဓာတ်ပါဝင်မှုတွေကိုလည်း လေ့လာပြီးစားမယ်။

အပြင်မှာ အစာစားတာထက် အိမ်မှာစားတဲ့အကြိမ်အရေအတွက်များအောင် ဂရုစိုက်မယ်။

အိပ်ရေးဝဝအိပ်မယ်။ ရေများများသောက်မယ်။

ဆေးလိပ်နဲ့အရက်ကိုရှောင်ကြဉ်မယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်မယ်။

သင်ကော… အပေါ်မှာဖော်ပြထားတဲ့အချက်လေးတွေကို လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလား။