စိတ်ကောကိုယ်ပါ ကျန်းမာဖို့ ဒီနည်းလမ်းလေးတွေအတိုင်း နေထိုင်ကြစို့

blank

၁။ နေ့စဉ် ၁ဝ မိနစ်ကနေ ၃ဝ မိနစ်လောက် ပြေးပါ။

၂။ တစ်နေ့ကို အနည်းဆုံး ၂ လီတာလောက် ရေသောက်ပါ။

၃။ မိသားစုနဲ့ မကြာခဏ အဆက်အသွယ်လုပ်ပါ။

၎။ အရင်လက ဖတ်ခဲ့တာထက် စာပိုဖတ်ပါ။

၅။ လူတိုင်းနဲ့ ဘဝခရီးလမ်းကြောင်းချင်း မတူနိုင်တာကြောင့် သင့်ဘဝကို တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာကို ရပ်လိုက်ပါ။

၆။ တခြားသူတွေ သင့်အပေါ်မှာတွေးတဲ့အတွေးတွေကို လျစ်လျူရှုပါ။

၇။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွှတ်ပေးပါ။

၈။ ဆိုးတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် အခြေအနေတစ်ခုဟာ ပြောင်းလဲနေပါလိမ့်မယ်။

၉။ သင့်ခွန်အားကို အတင်းအဖျင်းပြောတဲ့အပေါ်မှာ ဖြုန်းမပစ်လိုက်ပါနဲ့။

၁ဝ။ သင်နေမကောင်းဖြစ်နေချိန်မှာ အလုပ်က သင့်ကို ဂရုစိုက်မပေးနိုင်ပါဘူး။ သင့်သူငယ်ချင်းတွေကပဲ သင့်အနားမှာ ရှိနေပေးပါလိမ့်မယ်။

၁၁။ ပြုံးပါ။ များများရယ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၂။ တရားထိုင်တာ၊ ယောဂလုပ်တာ၊ ဝတ်ပြုဆုတောင်းတာတွေကို အချိန်ပေးပြီး အလေ့အကျင့်လုပ်ပါ။

၁၃။ အတိတ်ဆိုတာ ပစ္စုပ္ပန်ကို ဖျက်ဆီးနိုင်တာကြောင့် အတိတ်နဲ့ ငြိမ်းချမ်းရေးယူထားပါ။

၁၄။ အတိတ်ကကိစ္စတွေကို မေ့ပစ်ပါ။ သင့်လက်တွဲဖော်လုပ်ခဲ့တဲ့ အတိတ်ကအမှားတွေကို စိတ်ထဲမထားပါနဲ့။

၁၅။ နိုးနေချိန်မှာလည်း အိပ်မက်တွေ များများမက်ထားပါ။

၁၆။ မနာလိုခြင်းဟာ အချိန်ဖြုန်းခြင်းပါပဲ။ သင့်မှာ သင်လိုအပ်တာတွေအားလုံး ရှိနေပြီးသားပါ။ သင်လိုချင်တာတွေကိုလည်း တကယ်ရအောင်ကြိုးစားလို့ ရပါတယ်။

၁၇။ နံနက်ခင်းမှာ ကောင်းကောင်းနိုးထလိုက်ရတဲ့အခါ ဘုရားကို ကျေးဇူးတင်လိုက်ပါ။

၁၈။ ကန့်သတ်ချက်နဲ့ အလုပ်လုပ်ပါ။ အလွန်အကျွံမဖြစ်ပါစေနဲ့။

၁၉။ ဘဝဆိုတာ သူတစ်ပါးကို မုန်းတီးရင်း အချိန်တွေဖြုန်းပစ်ဖို့ တိုလွန်းပါတယ်။ ဒါကြောင့် မကောင်းတဲ့ခံစားချက်တွေကို ဖယ်ထုတ်ပစ်ပါ။

၂ဝ။ ငြင်းခုန်မှုတိုင်းမှာ အနိုင်ရဖို့မလိုပါဘူး။ သဘောထားကွဲလွဲမှုတွေကို လက်ခံပေးဖို့ပဲ လိုပါတယ်။

၂၁။ ဘဝကို ကျောင်းတစ်ကျောင်းလို့ မှတ်ယူပါ။ သင့်ဘဝမှာ အမြဲသင်ယူနေရမယ်။ ပြဿနာတွေဆိုတာဟာလည်း သင်္ချာကိန်းဂဏန်းတွေလို တဖြည်းဖြည်းကွယ်ပျောက်သွားမယ့် သင်ရိုးညွှန်တမ်းထဲက အခန်းတစ်ခန်းလိုပါပဲ။ ဒါပေမဲ့ သင်လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေကတော့ ဘဝတစ်သက်တာလုံး ကြာရှည်ခံနေမှာပါ။

၂၂။ ဘဝမှာ ခွန်အားတွေ၊ စိတ်အားထက်သန်မှုတွေ၊ စာနာမှုတွေနဲ့ ရှင်သန်ပါ။

၂၃။ အချိန်ဟာ အရာရာကို ကုစားပေးနိုင်ပါတယ်။

၂၄။ နံနက်စာကို ဘုရင်လိုစားပါ။ နေ့လယ်စာကို မင်းသားလိုစားပါ။ ညစာကို ဆင်းရဲသားလိုစားပါ။

၂၅။ တစ်နေ့ကို အနည်းဆုံး လူ ၃ ယောက်လောက်ကို ရယ်မောလာအောင်လုပ်ပေးပါ။

၂၆။ တခြားသူတွေပြောတဲ့ အနုတ်လက္ခဏာဆန်တဲ့စကားတွေကို အလေးအနက်မထားပါနဲ့။

၂၇။ ဘဝရဲ့အချိန်တစ်ခဏချင်းစီမှာ အသစ်အဆန်းတွေ လုပ်ကြည့်ရင်း ပျော်အောင်နေပါ။

၂၈။ တစ်နေ့ကို အနည်းဆုံး ၁ဝ မိနစ်လောက် အေးအေးဆေးဆေးနေပါ။

၂၉။ သင်ဟာ အဖိုးထိုက်တန်ပြီး နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ဖြစ်တာကြောင့် သင့်ကိုယ်သင်ချစ်ပါ။

၃ဝ။ တစ်နေ့ကို ၈ နာရီကြာ အိပ်စက်ပါ။

၃၁။ နေ့စဉ် သူတစ်ပါးအပေါ် ကောင်းမှုကုသိုလ်ပြုပါ။

၃၂။ အသုံးမဝင်တဲ့၊ နှစ်သက်စရာမကောင်းတဲ့၊ ဝမ်းနည်းစေတဲ့ အရာတွေကို ရှင်းထုတ်ပစ်ပါ။

၃၃။ ဘယ်လိုတွေ ခံစားနေရပါစေ နိုးထပါ။ ကျော့ကျော့ရှင်းရှင်းနေပြီး လုပ်စရာရှိတာတွေ ဆက်လုပ်လိုက်ပါ။

၃၄။ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေ၊ အဆိုးမြင်အတွေးတွေ မရှိပါစေနဲ့။ အဲ့ဒီအစား လက်ရှိအချိန်ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာပဲ ခွန်အားကို အသုံးချပါ။

၃၅။ သင့်ရဲ့အတွင်းစိတ်ဟာ အမြဲတမ်းပျော်ရွှင်နေတာကြောင့် သင်ကိုယ်တိုင်လည်း ပျော်ရွှင်အောင်နေပါ။

၃၆။ အသက် ၇ဝ ကျော်အဘိုးအဘွားတွေ၊ အသက် ၆ နှစ်အောက်ကလေးတွေနဲ့ အချိန်ကုန်ဆုံးပါ။

၃၇။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေ များများစားပါ။

၃၈။ သင့်ပျော်ရွှင်မှုအတွက် သင်ကလွဲပြီး ဘယ်သူ့အပေါ်မှာမှ တာဝန်မရှိပါဘူး။

၃၉။ အကောင်းဆုံးဆိုတဲ့အရာတွေ သင့်ဆီ လာနေပါတယ်။

၎ဝ။ အားကစားများများလုပ်ပါ။

စာချစ်သူတို့ဘဝအတွက် အသုံးဝင်မယ့် ဒီစာစောင်လေးကို အခုပဲမျှဝေလိုက်တော့နော်။