ဂျပန်ဆရာဝန်တစ်ယောက်မျှဝေတဲ့ အသက်ရှည်စေဖို့ အလေ့အထ ၅ ခု

blank

စာချစ်သူတို့ရေ…

ယနေ့ကမ္ဘာ့အသက်ရှည်ဆုံးနိုင်ငံသားတွေထဲမှာ ဂျပန်က ထိပ်ဆုံးက ဦးဆောင်နေတယ်ဆိုတာ အား လုံးသိကြပါတယ်။ ဂျပန်ဆေးပညာဖောင်ဒေးရှင်းတည်ထောင်သူဆရာဝန်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေါက် တာရှိဂဲရခိဟီနိုးဟာရ (Dr.Shigeaki Hinohara) ဆိုရင် အသက် ၁ဝ၅ နှစ်အထိ အသက်ရှင်နေထိုင်သွားပါ တယ်။ အဲ့ဒီလောက်အထိအသက်ရှည်ရှည်နေနိုင်စေတဲ့ အကြံပြုချက်လေးတချို့ကိုလည်း ဒေါက်တာဟီနိုးဟာရ က မျှဝေပေးထားပါတယ်။

၁။ ပျော်ပျော်နေပါ။

ကျန်းမာတဲ့ဘဝအတွက် နံပါတ်တစ်ဥပဒေသက ရိုးစင်းတဲ့ပျော်ရွှင်မှုပါပဲ။ ကလေးဘဝမှာ အားလုံးက အအိပ်နဲ့အစားကို မေ့နေတဲ့အထိ ပျော်ခဲ့ဖူးကြပါတယ်။ ဆေးပညာရှင်တွေကလည်း ပျော်ရွှင်မှုဟာ နာကျင်စရာ တွေဆီကနေ ရုန်းထွက်နိုင်စေတယ်လို့ ညွှန်းဆိုထားကြပါတယ်။ ဒေါက်တာဟီနိုးဟာရကတော့ “ဘဝအတွက် စွမ်းအင်တွေဆိုတာ ပြည့်နေတဲ့ဗိုက်ထဲက လာတာမဟုတ်ပါဘူး။ ကောင်းတဲ့ ခံစားချက်တွေဆီက ရရှိလာ တာပါ” တဲ့။

၂။ မြန်မြန်အငြိမ်းစားမယူဘဲ အလုပ်လုပ်နိုင်သေးတဲ့အရွယ်အထိ အလုပ်လုပ်ပါ။

ဒေါက်တာဟီနိုးဟာရကတော့ မဆုံးခင်လအနည်းငယ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ပျမ်းမျှလူ့သက်တမ်း ဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေကနဲ့ မတူညီနိုင်တော့တာကြောင့် ဖြစ်နိုင်ရင် နောက်အကျဆုံးအရွယ်အထိ အလုပ် လုပ်ပြီး လူ့အဖွဲ့အစည်းကို တစ်ခုခုပြန်ပေးတာက ဘဝအတွက် အများကြီးအဓိပ္ပာယ်ရှိစေတယ်လို့ ဒေါက်တာ ဟီနိုးဟာရက ခံယူထားပါတယ်။

၃။ ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ။

အစားအသောက်နဲ့ပတ်သက်ပြီး ဒေါက်တာဟီနိုးဟာရက “ မနက်စာကို ကော်ဖီသောက်တယ်။ နို့တစ်ဖန်ခွက်သောက်တယ်။ သံလွင်ဆီလက်ဖက်ရည် ဇွန်းတစ်ဇွန်းထည့်ထားတဲ့ လိမ္မော်ရည်တချို့သောက် တယ်။ သံလွင်ဆီက သွေးကြောတွေအတွက် ကောင်းပြီး အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းပေးတယ်။ နေ့လယ်စာကိုတော့ နွားနို့နဲ့ ကွတ်ကီးအနည်းငယ်စားပါ တယ်။ တစ်ခါတလေလည်း အလုပ်များနေရင် နေ့ လယ်စာမစားတော့ပါဘူး။ အလုပ်အပေါ် အာရုံစိုက်နေတဲ့အတွက်ကြောင့် ကျွန်တော် ဘယ်တော့မှ မဆာဘူး။ ညစာကိုတော့ ငါး၊ ထမင်းနည်းနည်းနဲ့ အသီးအရွက်တွေ စားပေးပါတယ်။ တစ်ပတ်မှာနှစ်ကြိမ်တော့ အသား ၁ဝဝ ဂရမ်စားပေးတယ် ” လို့ ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။ ရိုးရိုးလှေကားက တက်ပါ။

ဒေါက်တာ ဟီနိုးဟာရက အိမ်မှာ၊ ရုံးမှာ ရိုးရိုးလှေကားကို အသုံးပြုသလို ကိုယ့်ပစ္စည်းတွေကိုလည်း ကိုယ်တိုင်ပဲ သယ်ပါတယ်။

၅။ အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေကို စွဲလန်းစိတ်လျှော့ချပါ။

ရုပ်ဝတ္ထုပစ္စည်းတွေအတွက် စိတ်မပူပါနဲ့။ ကွယ်လွန်တဲ့အခါ အဲ့ဒီအရာတွေကို ဘယ်သူမှ သယ်ဆောင် မသွားနိုင်ပါဘူး။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ်ပိုင်ပစ္စည်းအားလုံးကိုတောင် မှတ်မိတော့မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် စိုးရိမ်ပူပန်စိတ်တွေလျှော့ဖို့ ဒေါက်တာဟီနိုးဟာရက အကြံပြုထားပါတယ်။

အသက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းလေးတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE ထားလိုက်ပါဦး နော်။