လေဟာပြင်မှာ အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့အရာ ၆ ခု

blank
Young woman relaxing with listening music outdoor in garden. Good health concept.

ကျွန်မတို့တွေ ငယ်ငယ်တုန်းကဆိုရင် လူကြီးမိဘတွေက အိပ်ခိုင်းရင် မအိပ်ချင်ကြပါဘူး။ အခုများတော့ အိပ်ရမှာကို ဘယ်လောက်ကြိုက်လဲဆိုရင် ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝတော့တဲ့အထိပါပဲ။ အသက်ကြီးလာတဲ့အခါ စိတ်ဖိစီးမှုများလာတာကြောင့် အိပ်ရေးဝတယ်လို့ကို မထင်မိပါဘူး။ ညဘက်အပြင်မှာ တဲကလေးထိုးအိပ်မယ်ဆိုရင် အိမ်ကအိပ်ရာထဲမှာ အိပ်တဲ့အချိန်ထက် ၂ နာရီစောအိပ်ပျော်ပြီး ၁ဝ နာရီကြာအောင် အိပ်နိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

အပြင်မှာ အိပ်ခြင်းကြောင့် ဘယ်လိုကောင်းကျိုးလေးတွေ ရနိုင်သလဲဆိုတာ ဂန္ထဝင်စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

။ သဘာဝအလင်းရောင်နဲ့ ထိတွေ့ခွင့်ရတယ်။

လေ့လာမှုတစ်ခုအရ သဘာဝအလင်းရောင်နဲ့ထိတွေ့ခြင်းက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ချင်ရင်တော့ လျှပ်စစ်ပစ္စည်းတွေနဲ့ဝေးရာမှာ အိပ်သင့်ပါတယ်။

၂။ မယ်လတိုနင်ဟော်မုန်း level တွေ ပြောင်းလဲလာတယ်။

စမတ်ဖုန်း၊ ကွန်ပျူတာကနေထွက်တဲ့ ဓာတ်ရောင်ခြည်က အိပ်ရေးဝဝအိပ်စက်စေတဲ့ မယ်လတိုနင်ဟော်မုန်း level တွေကို ပြတ်တောက်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက အကြံပြုထားပါတယ်။

ဒါကြောင့် တတ်နိုင်သလောက် အပြင်မှာထွက်အိပ်ဖို့ ကြိုးစားသင့်ပါတယ်။

၃။ ကိုယ်ခံအားကို မြင့်တက်စေတယ်။

သစ်တောထဲမှာ နေ့စဉ် ၂ နာရီလောက် အချိန်ကုန်ဆုံးခြင်းက ကျွန်မတို့အတွက် အကျိုးကျေးဇူးအများကြီး ရရှိစေနိုင်တယ်လို့ ဂျပန်နိုင်ငံက လေ့လာမှုတစ်ခုမှာ သက်သေပြခဲ့ကြပါတယ်။ အကျိုးကျေးဇူးတွေကတော့ သွေးဖိအားကို လျော့ကျစေတယ်၊ cortisol သိပ်သည်းဆကို နိမ့်ကျစေတယ်၊ သွေးခုန်နှုန်းကို လျော့ကျစေတယ်၊ သွေးဖြူဆဲလ်ဖြစ်ပေါ်နှုန်းကို မြင့်တက်စေတယ်။

ဒါ့အပြင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် ညဘက်အပြင်မှာ ထွက်အိပ်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဦးနှောက်နဲ့ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ တိုးတက်လာတယ်။

ဦးနှောက်နဲ့ကြွက်သားတွေ အလုပ်လုပ်ဖို့ဆိုရင် အောက်စီဂျင်များများ လိုအပ်ပါတယ်။ လေကောင်းလေသန့်ရှူလေလေ၊ ခန္ဓာကိုယ်အတွက် ပိုကောင်းလေလေဆိုတာ ငြင်းစရာမရှိပါဘူး။

ဒါကြောင့် အပြင်ထွက်အိပ်စက်ခြင်းက စိတ်အပန်းပြေရုံသာမက လျှပ်စစ်ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကနေ ဝေးစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ဦးနှောက် နှစ်ခုလုံးအတွက် ကောင်းပါတယ်။

၅။ စိတ်ဖိစီးမှုလျော့ကျစေတယ်။

ကျွန်မတို့ရဲ့ဘဝရှင်သန်မှုမှာ စိတ်ဖိစီးမှုလျော့ကျတယ်ဆိုတာ အခွင့်အရေးကောင်းတစ်ခုပါပဲ။

သစ်ပင်တစ်ပင်ကို ကြည့်ခြင်းက စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေဖြစ်စေပြီး သစ်ပင်ပုံပန်းချီကားချပ်တစ်ချပ်ကို ကြည့်ရင်တောင် စိတ်ဖိစီးမှု လျှော့ကျစေတယ်လို့ လေ့လာမှုတစ်ခုက သက်သေပြခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနေတဲ့ ကျေးငှက်သာရကာတွေရဲ့ သာယာတဲ့အသံကို နားထောင်ရင်တောင် စိတ်ကိုတည်ငြိမ်စေပြီး အပန်းပြေစေပါတယ်။

တစ်ခါတရံတောင်မှ ကျေးငှက်သာရကာတွေရဲ့အသံကို မကြားရဘူးဆိုရင် အပြင်ထွက်အိပ်စက်ပြီး စိတ်အပန်းပြေရဆုံးအချိန်တွေကို ဖန်တီးပါ။

၆။ လေကောင်းလေသန့်ရတယ်။

ရုံးမှာ၊ အဲကွန်းအခန်းနဲ့ လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာ အချိန်အတော်ကြာကုန်ဆုံးတဲ့အခါ ဦးနှောက်ကို ထုံထိုင်းစေတဲ့၊ အလုပ်မတွင်စေတဲ့၊ ခေါင်းမူးခေါင်းကိုက်ဖြစ်စေတဲ့၊ အသက်ရှူပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် level တွေဟာ အမြင့်ဆုံးဖြစ်လာပါတယ်။

အလုပ်မှာ အခက်အခဲတွေ ရင်ဆိုင်နေရပြီလား။ ဒါဆိုရင် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရင်း တစ်ရေးလောက် အိပ်စက်လိုက်ပါ။

သင်က အပြင်မှာ အိပ်ရတာကို နှစ်သက်သူတစ်ယောက်ဆိုရင် သင့်အတွေ့အကြုံလေးတွေကို စာဖတ်သူတို့အတွက် ဝေမျှခဲ့ပါဦးနော်။