ရာသီလာနေချိန်မှာ တစ်နေ့လုံး pad မလဲဘဲ နေရင် ဘာတွေဖြစ်လာနိုင်လဲ။

blank

စာချစ်သူပျိုမေတို့ရေ…

ဓမ္မတာလာချိန်မှာ တစ်နေ့လုံး pad ဒါမှမဟုတ် tampon မလဲလှယ်ဘဲ နေတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ Pad မလဲဘဲ နေရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။

ဒါကြောင့် သူ့အချိန်နဲ့သူ လဲလှယ်ပြီး သန့်ရှင်းခြောက်သွေ့အောင် နေသင့်ပါတယ်။

ဓမ္မတာသွေးဟာ မသန့်ရှင်းတဲ့အတွက်ကြောင့် စိုစွတ်နေတဲ့ pad ကို အချိန်အတော်ကြာ ဝတ်ဆင်ထားတာက  အရေပြားအဖုအပိမ့်တွေ ထွက်စေနိုင်သလို ဆီးလမ်းကြောင်း၊ မိန်းမကိုယ်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

Pad ကို ၃ နာရီ ဒါမှမဟုတ် ၄ နာရီခြား တစ်ခါ လဲလှယ်ပေးတာက ကျန်းမာရေးနဲ့ ညီညွတ်စေပြီး အနံ့ဆိုးထွက်တာကိုလည်း ကာကွယ်ပေးပါတယ်။

သိမှတ်စရာ ဗဟုသုတလေးတွေ ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို  SHARE လိုက်ပါဦးနော်။