အဆီတွေ လောင်ကျွမ်းစေမယ့် အလေ့အကျင့် (၉) ခု

၁။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ များများစားသုံးပါ။

အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းက အင်ဆူလင်တွေ လျော့နည်းစေပြီးတော့ ဆာလောင်မှုကို လျော့နည်းစေတဲ့အတွက် အဆီတွေလျော့ကျစေနိုင်ပါတယ်။ တစ်နေ့ကို အမျှင် ၂၅ ကနေ ၃၅ ဂရမ်အထိ စားသုံးပေးပါ။

၂။ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်းဓာတ်များများစားသုံးပါ။

ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်မနေခဲ့ဘူးဆိုရင်တောင်မှ ကြက်ဥ၊ ဘဲဥ၊ ဟင်းနုနွယ်၊ ပဲပိစပ်စတဲ့ အရာတွေ စားသုံးခြင်းက အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။

၃။ ကာဘိုဟိုက်ဒရိတ်တွေကို ရှောင်ကြဉ်ပါ။

အာဟာရဓာတ်တွေ မြောက်များစွာ မပါဝင်တဲ့ အစားအစာတွေ သိပ်မစားပါနဲ့။ ဥပမာ- ခေါက်ဆွဲ၊ ပေါင်မုန့်၊ ထမင်း၊ ကြော်ထားတဲ့အစားအစာများ။

၎။ စားသောက်ပုံ စည်းစနစ်တစ်ခု တည်ဆောက်ပါ။

ကျန်းမာရေးကို ကောင်းမွန်စေမယ့် အစားအသောက်နဲ့ ကိုယ်နှစ်သက်တဲ့ အစားအသောက်ကို တစ်လှည့်စီ စားသုံးပါ။

၅။ ရေဓာတ်ပြည့်ဝစွာနေပါ။

ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ရေက ခန္ဓာကိုယ်တစ်လျှောက် သယ်ဆောင်သွားပေးတာပါ။ ဒါကြောင့် ဆိုဒါလို ကယ်လိုရီ မြင့်တဲ့ အချိုရည်တွေကို ရှောင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ တစ်ရက်လောက် သင်စားချင်တာတွေ စားသုံးပါ။

တစ်ပတ်မှာ တစ်ရက်လောက် အစားမရှောင်ဘဲနေခြင်းက သင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို တိုးမြှင့်ပေးပြီး အဆီတွေ လျော့ကျစေမှာပါ။

၇။ လေ့ကျင့်ခန်းကို ပုံမှန်ပဲ လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းက အဆီတွေကို လောင်ကျွမ်းစေပေမယ့် အလွန်အကျူးလုပ်ခြင်းကတော့ ပျက်စီးမှုဆီကို တွန်းပို့ပေးပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို တစ်ပတ်မှာ သုံးဆယ်မိနစ် လေးကျော့ပဲ လုပ်ပါ။

၈။ အိပ်စက်ပါ။

အဆီလောင်ကျွမ်းမှုဖြစ်စဉ်တော်တော်များများဟာ အိပ်စက်နေတဲ့အချိန်မှာ လုပ်ဆောင်တာပါ။ ၆ နာရီကနေ ၁ဝ နာရီလောက် အိပ်စက်ခြင်းဟာ သင့်အဆီတွေကို ကောင်းကောင်းလောင်ကျွမ်းစေမှာပါ။

 ၉။ စိတ်ရှည်ပါ။

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အဆီလောင်ကျွမ်းပုံချင်း မတူညီတဲ့အတွက် တခြားသူတွေမြန်မြန်ဝိတ်ကျပေမယ့် သင့်အနေနဲ့ ဝိတ်ကျဖို့ ခက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ သင်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စိတ်ရှည်ရှည်ထားဖို့လည်း အရေးကြီးပါတယ်။

သူငယ်ချင်း piggy လေးတွေ သိရှိစေဖို့ mention ခေါ်လိုက်ပါဦးနော်။