ကျန်းမာခြင်းဆိုတာ…

blank

ကျန်းမာခြင်းဆိုတာ အရွက်သုပ်စားခြင်းကို ပြောတာမဟုတ်ပါဘူး။

ကျန်းမာခြင်းဆိုတာ ကိုယ်အလေးချိန်အတိုင်းအတာနဲ့လည်း မပတ်သက်ပါဘူး။

တကယ်တော့ ကျန်းမာခြင်းဆိုတာ ကိုယ်ရော စိတ်ပါကျန်းမာခြင်းကို ဆိုလိုတာပါ။

ကျန်းမာခြင်းကို အစားအသောက် ဆင်ဆင်ခြင်ခြင်စားသောက်ရုံ၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်နေရုံနဲ့ မရရှိနိုင်ပါဘူး။ တကယ်တော့ ကျန်းမာခြင်းဆိုတာ ကိုယ့်ဘဝအတွက်၊ ကိုယ့်လူနေမှုပုံစံအတွက် ဘယ်အရာတွေက ကောင်းမွန်တယ်ဆိုတာကို ရှာဖွေခြင်းပါ။ ကိုယ့်ကို အားတက်စေမယ့် ရွေးချယ်မှုတွေ ပြုလုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးတာ၊ ပြီးတော့ မှန်ကန်တဲ့ အာဟာရဓာတ်တွေ ဖြည့်စွက်ရွေးချယ်ပေးတာကို ဆိုလိုတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျန်းမာခြင်းဆိုတာ ဖျတ်လတ်သန်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းပါ။

ကျန်းမာခြင်းဆိုတာ အရာအားလုံးမျှတနေခြင်းပါပဲ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ။ ပြီးတော့ ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေ ဖြစ်ပေါ်လာစေဖို့ အားထုတ်ပါ။

စာချစ်သူတို့သိထားတဲ့ ကျန်းမာခြင်းရဲ့ အဓိပ္ပာယ်ကိုလည်း မျှဝေခဲ့ပါဦးနော်။