ခြေဖျားလက်ဖျားတွေ အေးစက်နေတတ်သူတွေအတွက် နည်းလမ်းကောင်းလေးများ

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးထဲမှာ မကြာခဏ ခြေဖျားလက်ဖျားတွေ အေးစက်နေတတ်တဲ့ သူတွေရှိလား။ ဒါဟာ သွေးလည်ပတ်မှုမကောင်းတာကြောင့်ပါ။ ဒါပေမဲ့ မပူပါနဲ့။ သွေးလည်ပတ်မှုကောင်းပြီး ခြေဖျားလက်ဖျားအေးတာကို သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

၁။ ချောကလက်အခါးစားပါ။

ချောကလက်အခါးလေးကို ဝိုင်နီနဲ့တွဲသောက်လိုက်ပါ။ ချောကလက်ခါးမှာပါဝင်တဲ့ antioxidants တွေက ခြေတွေလက်တွေက သွေးလည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။

၂။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးရုံသာမက သွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ခြေဖျားလက်ဖျားအေးစက်ခြင်းကို သက်သာစေပါတယ်။

၃။ ရေများများသောက်ပါ။

ရေများများသောက်ခြင်းက ခြေဖျားလက်ဖျားအေးစက်တာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဘယ်သွားသွား ရေဘူးသယ်သွားပါ။ ရေသောက်များရင် ကိုယ်တွင်းအင်္ဂါတွေကိုပါ ကျန်းမာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ နှိပ်နယ်ပါ။

ခြေတွေလက်တွေကို နှိပ်နယ်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၅။ ရေနွေးလေးနဲ့ ရေချိုးပါ။

ခြေဖျားလက်ဖျားအေးစက်ခြင်းအတွက် နောက်ထပ်ဆေးနည်းတစ်ခုက ရေနွေးလေးနဲ့ ရေချိုးဖို့ပါပဲ။ ဒါဆိုရင် ခြေတွေလက်တွေ နွေးထွေးသွားပြီး အညောင်းအညာပြေသွားမှာပါ။

ခြေဖျားလက်ဖျားတွေ အေးစက်တတ်တဲ့ စာဖတ်ပရိသတ်တို့ရေ… ဒီနည်းလမ်းလေးတွေက ထိရောက်မှုရှိမရှိ စမ်းသပ်ကြည့်လိုက်ပါဦးနော်။ နည်းလမ်းလေးတွေက လွယ်လည်းလွယ်သလို ငွေကုန်ကြေးကျလည်း မများဘူးမဟုတ်လား။

မကြာခဏ ခြေလက်အေးစက်တတ်သူတွေအတွက် SHARE ပေးလိုက်ပါဦးနော်။