လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုက်ဆံရှိခြင်းထက် ကိုယ့်ကို ပိုမိုပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။

blank

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်စေမယ့် လှည့်ကွက်တစ်ခုပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်ကြတဲ့သူတွေနဲ့ မလုပ်ဖြစ်ကြသူတွေကို လေ့လာကြည့်တဲ့အခါ လေ့ကျင့်ခန်းလုပ်ကြသူတွေဟာ မလုပ်ကြတဲ့သူတွေထက် ဆိုးဝါးတဲ့နေ့ရက်တွေကို ကြုံတွေ့ရနှုန်း ၄၃.၂ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ တွေ့ရှိရပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ပိုက်ဆံရှိခြင်းထက် ကိုယ့်ကို ပိုမိုပျော်ရွှင်စေတယ်ဆိုပေမယ့် ဝင်ငွေမြင့်မားတဲ့သူတွေဟာ ပျော်ရွှင်မှုကို မခံစားရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာကြည့်တဲ့အခါ တစ်နေ့မိနစ်နှစ်ဆယ်လမ်းလျှောက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်တဲ့။ တခြားသောလေ့လာချက်တစ်ခုအရလည်း တစ်ပတ်မှာ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ခြင်းကတောင် စိတ်ဖိစီးမှုလက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်လို့ ဆိုပါတယ်။

စာချစ်သူတို့ကော လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်ကြပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။