လွယ်လွယ်လေးနဲ့မျက်စိပါဝါလျော့ကျစေမယ့် လေ့ကျင့်ခန်းလေးများ

blank

၁။ အခန်းကို အမှောင်ချပြီး ဖယောင်းတိုင်တစ်တိုင်တည်း ထွန်းထားပါ။ ဖယောင်းတိုင်က မီးတောက်ကို မျက်စိနဲ့တစ်တန်းတည်းမှာ အနည်းငယ်ခွာပြီးထားပါ။ ပြီးရင် အဲဒီမီးတောက်ကို မျက်ရည်ဝိုင်းလာတဲ့အထိ မျက်တောင်မခတ်တမ်း စိုက်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းကို နေ့တိုင်းလုပ်နိုင်ရင် အကောင်းဆုံးပါ။

၂။ မျက်လုံးထဲမှာ E ဆိုတဲ့ စာလုံးကို ခပ်ကြီးကြီး ပုံဖော်ကြည့်ပါ။ သင့်ရှေ့တည့်တည့်မှာရှိတယ်လို့ သင်မြင်နေရတဲ့ E စာလုံးရဲ့ အတန်းတိုင်းမှာ အမှတ်တစ်ခုစီရှိတယ်လို့ မြင်ယောင်ကြည့်ပါ။ ပြီးရင် တစ်တန်းချင်းစီက အမှတ်တွေကို မျက်စိရဲ့ အကြည့်က လိုက်ရွေ့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ မျက်လုံးအကြည့်နဲ့ သင့်ရှေ့တည့်တည့်မှာ “8” ဂဏန်းကြီးကြီး ဆွဲလိုက်ပါ။

၎။ ကိုယ်မလှုပ်၊ ခေါင်းမလှုပ်ဘဲ မျက်စိပဲလှုပ်ပြီး ညာဘက်စွန်းကိုကြည့်ပါ။ ဘယ်ဘက်စွန်းကိုကြည့်ပါ။ ပြီးရင် အပေါ်ကိုကြည့်ပါ။ အောက်ကိုကြည့်ပါ။

၅။ မျက်လုံးတွေကို တင်းတင်းဖိပိတ်လိုက်ပါ၊ ပြီးရင် အကျယ်ကြီးပြူးပြီး ဖွင့်လိုက်ပါ။ ထပ်ကာထပ်ကာ ပြန်လုပ်ပါ။

၆။ သာသာလေး မျက်တောင်ခတ်ပြီး မျက်စိကို အနားပေးပါ။

အပေါ်မှာ ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေကို နေ့တိုင်းလုပ်ပေးရင် မျက်စိကြွက်သားတွေကို ပြေလျော့စေပြီး မျက်စိညောင်းတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ မျက်စိပါဝါကိုလည်း သိသိသာသာ လျော့ကျစေပါတယ်။

မျက်မှန်ပါဝါတိုးလို့ စိတ်ညစ်နေသူတွေအတွက် SHARE ပေးလိုက်ပါဦးနော်။