အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ပြည်တွင်းဖြစ် နာနတ်သီးချိုချိုလေးတွေ စားကြမယ်။

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

နာနတ်သီးတွေ လှိုင်လှိုင်ပေါ်တဲ့ရာသီတော့ ရောက်လာပါပြီနော်။ နာနတ်သီးဟာ အရည်အရွှမ်းဆုံးအ သီးအနှံတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။ တစ်ကိုက်ကိုက်မိပြီးရင် လက်ကမချချင်လောက်အောင် အရသာရှိတဲ့ အသီးလည်း ဖြစ်ပါတယ်။ အရသာရှိရုံသာမကဘဲ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီး ရရှိစေပါ သေးတယ်။

နာနတ်သီးဟာ…

၁။ ခန္ဓာကိုယ်စွမ်းအင်ကို တိုးမြှင့်ပေးတယ်။

၂။ ခန္ဓာကိုယ်တစ်ခုလုံးကို ရေဓာတ်ပြည့်ဝစေတယ်။

၃။ သွေးလည်ပတ်မှုကို မြှင့်တင်ပေးတယ်။

၎။ ကိုယ်ခံအားကောင်းစေတယ်။

၅။ ခေါင်းကိုက်သက်သာစေတယ်။

၆။ ရောင်ရမ်းမှုတွေကို ဆန့်ကျင်ပေးတယ်။

၇။ အမြင်အာရုံကို ကြည်လင်စေတယ်။

၈။ ဗီတာမင် B ကြွယ်ဝတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၉။ အရိုးတွေ သန်မာစေတယ်။

၁ဝ။ ကိုလက်စထရောကျစေတယ်။

၁၁။ ခွဲစိတ်ထားတဲ့ လူနာတွေစားရင် အနာကျက်တာ ပိုမြန်စေပါတယ်။

နာနတ်သီးလေးစားရုံနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက အံ့မခန်းပါပဲ။ ပြီးတော့ နာနတ်သီးက ပုံစံအမျိုးမျိုးလုပ်စားလို့ရတဲ့အသီးလည်းဖြစ်ပါသေးတယ်။ ယိုပဲထိုးစားမလား၊ အခြောက်ပဲလှန်းမလား၊ ပီဇာပဲ လုပ်စားစား၊ ဖျော်ရည်အနေနဲ့ပဲ သောက်သောက်၊ ခပ်ကြီးကြီးစိပ်ပြီး အပေါ်ကနေ သကြားလေးပဲ ဖြူးစားမလား၊ ဟာဝိုင်အီစတိုင်လ် နာနတ်သီးထမင်းကြော်လေးပဲ မနက်စာကြော်စားမလားဆိုတာ နည်းလမ်းတွေမှ အများကြီး ပါပဲနော်။

ကဲ… စာချစ်သူတို့ရေ… ဈေးလည်းချိုတယ်။ အရသာလည်းရှိတယ်။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ နာနတ်သီးလေးတွေကို အမျိုးမျိုးလုပ်စားရင်းနဲ့ ပြည်တွင်းဖြစ်ကို အားပေးကြရအောင်လား။

သင်ကော နာနတ်သီးကြိုက်လား။