ကိုယ်ခန္ဓာကို အကျိုးပြုစေတဲ့ အစားအစာများ

မှိုထဲမှာ ပါတဲ့ ဗီတာမင် D ဟာ အကြားအာရုံကို ကောင်းမွန်စေပါတယ်။

မုံလာဥနီထဲမှာ ပါတဲ့ ဗီတာမင် A ဟာ အမြင်လွှာကို ကောင်းမွန်စေပါတယ်။

ပန်းသီးထဲမှာ ပါတဲ့ အမျှင်ဓာတ်နဲ့ ဇီဝကွန်ပေါင်းဓာတ်ဟာ ရင်သားကင်ဆာဖြစ်ခြင်းကို လျှော့ကျစေပါတယ်။

ခရမ်းချဉ်သီးဟာ နှလုံးအားကောင်းစေပြီး ကိုလက်စထရောဓာတ်နဲ့ သဘာဝအဆီဓာတ်ကို ထိန်းညှိပေးပါတယ်။

ပဲနီစေ့ဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။

သစ်ကြားသီးဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေနဲ့ မှတ်ဥာဏ်စွမ်းရည်ကို မြင့်တက်စေပါတယ်။

ငှက်ပျောသီးထဲမှာ ပါတဲ့ ဗီတာမင် B9 ဟာ ခံတွင်းနဲ့သွား ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြက်သွန်ဖြူဟာ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

မက်မွန်သီးမှာ ပါတဲ့ ဗီတာမင် E ဟာ မျက်အိတ်တွဲကျခြင်းနဲ့ မျက်စိတစ်ဝိုက်နားက အရေပြား တွန့်လိမ်ခြင်းကို သက်သာစေပါတယ်။

ဂျင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်အောင့်ခြင်းနဲ့ ရောဂါတော်တော်များများကို သက်သာစေပါတယ်။

စာချစ်သူတို့ရေ ဘယ်အစားအစာတွေက ကိုယ်ခန္ဓာကို ဘယ်လိုအကျိုးပြုလဲ သိရှိသွားပြီဆိုရင် အခြားသူတွေလည်း သိအောင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။