ရာသီစာ အင်ဥလေးတွေ စားကြရာဝယ်

blank

         အင်ဥတွေ လှိုင်လှိုင်ပေါတဲ့အချိန်ရောက်လာပြီဆိုတော့ အင်ဥကြိုက်ကြသူတွေအဖို့ အင်ဥက ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိမလဲလို့ သိချင်နေကြမယ်ထင်ပါတယ်။ အင်ဥဟာ ကျန်းမာရေးအတွက် မသင့်လျော်ဘူးလို့ ပြောလေ့ရှိတတ်ကြပေမယ့် တကယ်တော့ အင်ဥမှာ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိပါတယ်။

         အင်ဥမှာ ဗီတာမင်စီ၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်အပါအဝင် ဗီတာမင် အမြောက်အများပါဝင်ပါတယ်။ ဒါ့အပြင် အောက်ပါကျန်းမာရေးကောင်းကျိုးလေးတွေလည်း ရှိနေပါတယ်နော်။  

         အင်ဥမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဖျားနာမှုတွေ ကင်းဝေးစေပြီး ကျန်းမာကြံ့ခိုင်တဲ့ခနာကိုယ်ကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဗီတာမင်စီ မြင့်မားခြင်းဟာ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် သဘာဝအတိုင်း ကိုယ်ခံစွမ်းအားမြင့်မားနေချင်သူတွေ စားသုံးသင့်တဲ့ အစားအစာတစ်ခုပါပဲ။ ကိုယ်ခံစွမ်းအားမြင့်မားလာတာနဲ့အမျှ ကူးစက်ရောဂါတွေ၊ ဖျားနာမှုတွေကနေ ကင်းဝေးစေပါလိမ့်မယ်။

         ပရိုတင်းဓာတ်ကတော့ ဦးနှောက်အာရုံကြောစနစ်တွေကို ကောင်းမွန်စေပြီး ခနာကိုယ်မှအဆီပိုတွေ စုပ်ယူခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

         ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

         အင်ဥဟာ အမျှင်ဓာတ်ပါဝင်မှုနှုန်းလည်း မြင့်မားတဲ့အတွက် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ဇီဝဓာတုဖြစ်စဉ်တွေကိုလည်း လျင်မြန်စေပါတယ်။

         အင်ဥမှာ ကောင်းကျိုးတွေအများကြီးရှိသလို ဆိုးကျိုးလေးတွေလည်း အနည်းငယ်ရှိပါတယ်။

  • အင်ဥဟာ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်တာမို့ အင်ဥစားတဲ့အခါ ယားယံတာ၊ အသားအရေနီမြန်းတာတွေဖြစ်လာပြီဆိုရင် ဆက်မစားပါနဲ့တော့။
  • အင်ဥဟာ မှိုတစ်မျိုးပဲဖြစ်တာကြောင့် မှိုနဲ့ဓာတ်မတည့်တဲ့သူတွေ မစားသင့်သလို၊ မှိုနဲ့မတည့်တဲ့ အစားအစာတွေနဲ့ တွဲဖက်စားမိရင် အစာအဆိပ်သင့်တာမျိုးဖြစ်တတ်တာကို သတိထားသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သန္ဓေသားကို မထိခိုက်စေဖို့ အင်ဥစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

         အင်ဥတွေဟာ ဈေးကြီးတယ်ဆိုပေမယ့် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီးရှိတဲ့အတွက် ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ဆိုနိုင်ပါတယ်။ တဖောက်ဖောက်နဲ့ စားလို့ကောင်းပြီး မိုးဦးကာလတစ်လတည်းသာ ရရှိနိုင်တဲ့ ရာသီစာအင်ဥစားရင်း ကျန်းမာရေးကောင်းကျိုးတွေကို အပြည့်အဝရရှိကြပါစေနော်။

         အင်ဥကြိုက်တတ်တဲ့ သူငယ်ချင်းလေးတွေကို မန်းရှင်းခေါ်သွားပေးပါဦးနော်။