မိုးတွင်းကာလအတွက် ကျန်းမာရေး ထိန်းသိမ်းမှုဆိုင်ရာနည်းလမ်းလေးများ

blank

မိုးတွင်းကာလရဲ့လေထုညစ်ညမ်းမှုတွေ၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်က လူသားတွေကို အသည်းရောင်အသားဝါရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ ကာလဝမ်းရောဂါတွေကို ဖြစ်ပွားစေနိုင်ပါ တယ်။

မိုးတွင်းကာလမှာ ခုခံအားစနစ်အားနည်းနေတဲ့ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေဟာ အ ဆုတ်ရောဂါ၊ အကြောအဆစ်ရောင်နာ၊ ဂေါက်နာနဲ့ တခြားသော ကူးစက်ရောဂါတွေ ဖြစ်ပွားလေ့ရှိ ကြပါတယ်။ ဒါကြောင့် တခြားရာသီတွေထက် မိုးတွင်းက ရောဂါပိုရနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ရေမှာ ညစ်ညမ်းမှု တွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုတွေနဲ့ အမှိုက်သရိုက်တွေ ပါဝင်နေပါတယ်။ မိုးတွင်းကာလ မြေပြင်ကလည်း ဘက်တီးရီးယားပိုးတွေကို ပေါက် ဖွားစေပါတယ်။ အစားအသောက်တွေ၊ အသီး အရွက်တွေကို မဖုံးအုပ်ဘဲထားတာက ရောဂါပိုးမွှားတွေကို ပေါက်ဖွားစေပါတယ်။

သိမှတ်သင့်တဲ့ဗဟုသုတလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။