သွေးလှူခြင်းကနေ ရရှိလာမယ့် ကျန်းမာရေးအတွက် ကောင်းကျိုး ၅ မျိုး

blank

စာချစ်သူတို့ရေ…….

သွေးလှူခြင်းက သွေးလိုအပ်သူအတွက်သာမက သွေးအလှူရှင်အတွက်ပါ ကျန်းမာရေးကောင်းကျိုးတွေကို ပေးစွမ်းနိုင်တယ်ဆိုတာ သင်သိပါသလား။ သွေးလှူခြင်းက သွေးအလှူရှင်တွေအတွက် တချို့ရောဂါတွေဖြစ်မလာအောင်တောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ သွေးလှူခြင်းကြောင့် သွေးအလှူရှင်တွေရဲ့ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရစေလဲဆိုတာ အောက်မှာဆက်ဖတ်သွားပါနော်။

၁။ မျိုးရိုးလိုက်တဲ့ရောဂါတွေကို လျှော့ချပေးတယ်။

အသည်းပျက်စီးခြင်း၊ ဆီးချိုရောဂါနဲ့ အသားဝါခြင်းလိုမျိုး မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေကို လျှော့ချပေးတယ်။ မျိုးရိုးလိုက်ရောဂါဆိုတာ ခန္ဓာကိုယ်မှာ သံဓာတ်တွေ လွန်ကဲစွာမြင့်တက်လာတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ သွေးလှူခြင်းက ခန္ဓာကိုယ်အတွင်း သံဓာတ်ပမာဏကို ထိန်းညှိပေးပါတယ်။

၂။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။

သံဓာတ်တိုးမြင့်လာခြင်းက ခန္ဓာကိုယ်မှ free radical တွေကို ပျက်စီးစေတဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ခြေပိုများပြီး အိုမင်းရင့်ရော်စေပါတယ်။ သွေးလှူခြင်းက သံဓာတ်ပမာဏများစွာသိုလှောင်မှုကို လျှော့ချပေးနိုင်တာကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ နှလုံးနဲ့အသည်းကျန်းမာအောင် ထိန်းသိမ်းပေးတယ်။

သံဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေ စားသုံးခြင်းက ခန္ဓာကိုယ်မှာ သံဓာတ် level ကို မြင့်မားလာစေပါတယ်။ ခန္ဓာကိုယ်ဟာ လုံလောက်တဲ့သံဓာတ်ပမာဏကိုပဲ စုပ်ယူပြီး  ပိုနေတဲ့သံဓာတ်တွေကို နှလုံး၊ အသည်းနဲ့ ပန်ကရိယထဲမှာ သိုလှောင်ထားပါတယ်။ အဲ့ဒီအခါ အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအလုပ်မလုပ်ခြင်း၊ ပန်ကရိယပျက်စီးခြင်းနဲ့ နှလုံးခုန်နှုန်းမမှန်ခြင်းလိုမျိုး နှလုံးမူမမှန်ခြင်းပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ သွေးလှူခြင်းက သံဓာတ် level ကို ထိန်းညှိပေးပြီး နှလုံးနဲ့အသည်းရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

။ ကိုယ်အလေးချိန်ကျစေတယ်။

သွေးပုံမှန်လှူခြင်းက သွေးအလှူရှင်ရဲ့ကိုယ်အလေးချိန်ကို လျှော့နည်းစေနိုင်တာကြောင့် အဝလွန်ရောဂါရှိသူတွေနဲ့ နှလုံးရောဂါရှိသူတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲတော့ သွေးခဏခဏမလှူသင့်ပါဘူး။

၅။ သွေးဆဲလ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတယ်။

သွေးလှူပြီးနောက် ခန္ဓာကိုယ်က သွေးဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းဖို့ လုပ်ဆောင်ပါတယ်။ သွေးလှူခြင်းက သွေးဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

သွေးမလှူခင်မှာ ကြိုသိထားသင့်တာတွေကတော့……

  • ကျန်းမာရေးပြဿနာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
  • သွေးမလှူခင် တစ်ပတ်လောက်ကြိုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးထားပါ။
  • သွေးလှူမယ့်နေ့မှာလည်း ရေဓာတ်ပြည့်ဝအောင် လုပ်ထားပါ။ အရည်များများသောက်ပါ။
  • သွေးလှူနေစဉ်မှာလည်း သက်သာချောင်ချိတဲ့အဝတ်အစားတွေ ဝတ်ဆင်ပါ။
  • ဆေးကုသမှုခံယူနေသူဆိုရင် လှူနေကျ သွေးလှူဘဏ်၊ ဆေးခန်း၊ ဆေးရုံ တစ်ခုခုဆီမှာ အကြောင်းကြားပါ။

စာချစ်သူတို့အတွက် ဗဟုသုတရလိုက်တယ်ဆိုရင် မျှဝေထားလိုက်တော့နော်။