ခရမ်းချဉ်သီးစေ့တွေကို မစားရဘူးဆိုတာ တကယ်လား။

blank

ခရမ်းချဉ်သီးစေ့တွေကို စားရတယ်ပြောလိုက်၊ မစားရဘူးပြောလိုက်နဲ့ အမျိုးမျိုးအငြင်းပွားနေကြတာ တွေ့ဖူးမှာပါ။ အရင်တုန်းကဆိုရင် ခရမ်းချဉ်သီးစေ့တွေဟာ အူအတက်ပေါက်စေနိုင်တယ်လို့ ထင်ခဲ့ကြပါတယ်တဲ့။ ဒါကြောင့်ပဲ လူတွေဟာ ခရမ်းချဉ်သီးစေ့တွေကို မစားရဘူးလို့ ပြောတတ်ကြတာပေါ့။ တကယ်တော့ ခရမ်းချဉ်သီးစေ့တွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်ရုံတင်တောင်မကပါဘူး။ အသားအရေအတွက်လည်း ကောင်းပါတယ်။ ခရမ်းချဉ်သီးစေ့ရဲ့ ကောင်းကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွေးဖိအားကို လျော့နည်းစေတယ်။

ခရမ်းချဉ်သီးစေ့မှာ အာဟာရဓာတ်မြောက်များစွာပါတဲ့အပြင် သွေးကြောနံရံတွေကို အနားရစေခြင်းအားဖြင့် သွေးဖိအားကို ထိန်းသိမ်းပေးတဲ့ ပိုတက်စီယမ်လည်း ပါဝင်ပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။

ခရမ်းချဉ်သီးစေ့တွေမှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ ဗီတာမင်စီ အမြောက်အများပါဝင်ပါတယ်။

၃။ ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။

ခရမ်းချဉ်သီးစေ့တွေဟာ နှလုံးကို ထိခိုက်စေနိုင်တဲ့ ကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။

၎။ အစာချေစနစ်ကို ကောင်းမွန်စေတယ်။

ခရမ်းချဉ်သီးစေ့မှာ အမျှင်ဓာတ်အမြောက်အများနဲ့ အမိုင်နိုအက်ဆစ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာကို လွယ်ကူစွာ ကြေညက်နိုင်စေပြီး အမိုင်နိုအက်ဆစ်ကတော့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အကိုက်အခဲပျောက်စေတယ်။

ခရမ်းချဉ်သီးစေ့အပြင်ဖက်က အကြည်လေးဟာ သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်စေပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစေ့တွေကို ဘေးထွက်ဆိုးကျိုးမရှိတဲ့ အကိုက်အခဲပျောက်ဆေးလို့ လူသိများကြပါတယ်။

၆။ သွေးခဲခြင်းကို လျှော့ချပေးတယ်။

ခရမ်းချဉ်သီးစေ့ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် သွေးခဲခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

၇။ အသားအရေကို ဝင်းပစေတယ်။

ခရမ်းချဉ်သီးစေ့ထဲမှာ ဗီတာမင်စီပါဝင်တဲ့အတွက်ကြောင့် အရေပြားတွန့်တာတွေကိုလျော့နည်းစေပြီး အပြစ်အနာအဆာမရှိတဲ့ အသားအရေကို ရရှိစေပါလိမ့်မယ်။

၈။ ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးတယ်။

ခရမ်းချဉ်သီးစေ့မှာ အဓိကပါဝင်တဲ့ Lycopene ဟာ ကင်ဆာဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။

ခရမ်းချဉ်သီးစေ့ကို မစားရဘူးလို့ ထင်နေတတ်တဲ့သူငယ်ချင်းတွေအတွက် ဒီစာစောင်လေးကို SHARE ပေးသွားပါဦးနော်။