ကိုယ်အလေးချိန်တက်လာရခြင်း အကြောင်းရင်းများ

blank

ကိုယ်အလေးချိန်တက်လာခြင်းဟာ ကိုယ် ဘယ်အရာတွေ စားသုံးမိနေတယ်ဆိုတာနဲ့ လုံးဝမဆိုင်ပါဘူး။ ဘယ်အရာတွေကြောင့် ကိုယ်အလေးချိန်တိုးရတယ်ဆိုတာသိရှိနိုင်ဖို့ အောက်ပါနည်းလမ်းလေးတွေကို ဖတ်ရှုလိုက်ပါ။

၁။ ဘဝမှာ အပြောင်းအလဲတွေဖြစ်ခြင်း။

အလုပ်အကိုင်ပြောင်းလဲခြင်း၊ အချစ်ရေးမှာ အပြောင်းအလဲရှိခြင်း၊ သားသမီးတွေ တက္ကသိုလ်တက်ဖို့ အဝေးသွားရောက်ခြင်းစတဲ့ အပြောင်းအလဲတွေဟာ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံတွေပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ ကောင်းတဲ့အပြောင်းအလဲတွေပဲ ကြုံနေရတယ်ဆိုရင်တောင်မှ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကျတာတွေက ဖြစ်ပေါ်တတ်ပါတယ်။ အစားအသောက်ကိုပဲ နင်းကန်ဖိစားနေလိုက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ နည်းလမ်းကောင်းတော့မဟုတ်ပါဘူး။ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးလိုက်ပါ။

၂။ အိပ်ချိန်လုံလုံလောက်လောက်မရရှိခြင်း။

အိပ်စက်ချိန်လုံလုံလောက်လောက်မရရှိခြင်းဟာ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ အိပ်ချိန်လုံလုံလောက်လောက်မရှိတဲ့အခါမှာ အစားအသောက်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကို စတင်ချမိလာပါတော့တယ်။ အဆီများလွန်းတဲ့အစားအစာတွေ၊ ကစီဓာတ်များလွန်းတဲ့အစားအစာတွေနဲ့ ကယ်လိုရီများလွန်းတဲ့အစားအစာတွေ ပိုမိုစားသုံးချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အသက်အရွယ်နဲ့ ချင့်ချိန်မစားသောက်ခြင်း။

ကျွန်မတို့တွေ အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ရဲ့ ဇီဝဆိုင်ရာဖြစ်ပျက်မှုတွေဟာလည်း လျော့ကျလာပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားနိုင်ဖို့အတွက် ကျွန်မတို့ အသက်အရွယ်နဲ့ ချင့်ချိန်စားသောက်ဖို့ လိုအပ်ပါတယ်။ ကယ်လိုရီလျော့နည်းတဲ့အစားအသောက်တွေကို စားသောက်ခြင်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

၎။ ကြွက်သားတွေ လျော့ရဲခြင်း။

အသက် (၃ဝ) ကျော်လာပြီဆိုတာနဲ့ ကျွန်မတို့ရဲ့ကြွက်သားတွေဟာ စတင်ပြီးတော့ အားနည်းလာပါပြီ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလေးတွေ ပြုလုပ်သွားပေးရပါမယ်။

၅။ အန္တရာယ်များတဲ့ ဝိတ်ချနည်းမျိုးကို အသုံးပြုခြင်း။

ဝိတ်ချနည်းတော်တော်များများဟာ အရမ်းပြင်းထန်ပါတယ်။ ပြင်းထန်လွန်းတဲ့အတွက်ကြောင့် နေထိုင်စားသောက်မှုပုံစံကိုတောင် ပျက်ပြားစေပြီး ပိုမိုဝိတ်တက်လာစေပါလိမ့်မယ်။ ဒါ့အပြင် ဝိတ်ချနည်းအတော်များများဟာ ပြီးဆုံးသွားတာနဲ့ တပြိုင်နက် ဝိတ်ပြန်တက်လာလေ့ရှိပါတယ်။ ဝိတ်ထိန်းချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ဆာလောင်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဗိုက်ပြည့်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတတ်ဖို့ပါပဲ။ ဖျော်ရည်တွေမှာလည်း ကယ်လိုရီတွေပါဝင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။

လေတိုက်တိုင်း ဝနေတယ်လို့ ပြောပြောနေတတ်တဲ့ သူငယ်ချင်းလေးတွေကို ဒီအကြောင်းအရာလေးတွေသိဖို့ mention ခေါ်လိုက်ပါဦးနော်။