ဉာဏ်ကောင်းချင်ရင် ဒီ အစားအစာလေးတွေ စားပါ။

ဉာဏ်မကောင်းချင်တဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူးနော်။ ဒါကြောင့် ဉာဏ်ရည်မြင့်မားစေမယ့် အစားအစာလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ ဖော်ပြပေးလိုက်ပါတယ်။

၁။ ထောပတ်သီး

ထောပတ်သီးထဲမှာပါဝင်တဲ့ ပြည့်ဝအဆီဓာတ်ဟာ ဦးနှောက်ထဲက သွေးစီးဆင်းမှုကို တိုးမြှင့်စေပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှုများလေလေ မှတ်ဉာဏ်ပိုကောင်းလေလေပါ။

၂။ ပန်းသီး

ပန်းသီးတွေဟာ စိတ်ကစဥ့်ကလျားဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်တဲ့အရာ တစ်ခုပါ။

၃။ ချောကလက်အမည်း

ချောကလက်အမည်းတွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လက်ဖက်စိမ်း

လက်ဖက်စိမ်းဟာ မှတ်ဉာဏ်လျော့နည်းမှုနဲ့ အာရုံကြောထိခိုက်မှုတွေဖြစ်စေနိုင်တဲ့အလွှာကို တည်ဆောက်ပေးတဲ့ ပရိုတင်းပမာဏကို လျှော့ချပေးပါတယ်။

၅။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွေထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်ဟာ အသက်အရွယ်အိုမင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ သင်ယူနိုင်ခြင်းတွေ၊ အမြင်အာရုံတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။

ဒီကျန်းမာရေးဗဟုသုတစာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။