သကြားဓာတ်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

blank

သကြားဓာတ်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအပေါ် သက်ရောက်တဲ့ ဆိုးကျိုးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးနှောက် – သကြားဓာတ်ဟာ ဦးနှောက်ရဲ့ ဒိုပါမင်းပမာဏကို မြှင့်တင်ပေးပါတယ်။ လေ့လာချက်တွေအရ သကြားဓာတ်ဟာ ကိုကင်းထက်တောင် စွဲလန်းစေသေးတယ်လို့ သိရပါတယ်။

ပါးစပ် – သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ အမြောက်အများစားသုံးခြင်းက သွားတွေကို ပျက်စီးစေပြီး သွားဖုံးရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။

အရေပြား – သကြားဓာတ်ဟာ အိုမင်းရင့်ရော်မှုကို ပိုမိုမြန်ဆန်စေပြီးတော့ ဝက်ခြံတွေ၊ ဝက်ခြံပုန်းတွေ ဖြစ်ပေါ်လာအောင် နှိုးဆွပေးပါတယ်။

နှလုံး – သကြားဓာတ်များလွန်းခြင်းက သွေးလွှတ်ကြောတွေကို ခဲစေနိုင်ပြီး နှလုံးရဲ့ တစ်သျှူးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသည်း – အသည်းဟာ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ သကြားဓာတ်ဟာ အယ်လ်ကိုဟောလိုမျိုးပဲ အသည်းကို ဝန်ပိစေပါတယ်။

ပန်ကရိယ – သွေးတွင်းသကြားဓာတ်ဟာ ပန်ကရိယကို အင်ဆူလင်တွေ ပိုမိုထုတ်လွှတ်ဖို့ အားပေးပါတယ်။

ကျောက်ကပ် – ကိုယ်တွင်းသကြားဓာတ်အရမ်းမြင့်မားလာပြီဆိုရင် ကျောက်ကပ်ဟာ ဆီးထဲကို သကြားတွေ စွန့်ထုတ်ပေးပါတယ်။

သန္ဓေအောင်ခြင်း- သွေးတွင်းသကြားဓာတ်မြင့်မားခြင်းက အမျိုးသားတွေအတွက်ကော၊ အမျိုးသမီးတွေအတွက်ပါ သားသမီးရနိုင်ခြေကို ထိခိုက်စေပါတယ်။

ဒီကျန်းမာရေးဗဟုသုတပေးတဲ့ စာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။