အကောင်းတွေတွေးဖို့ အစားကောင်းစားပါ။

blank

စာချစ်သူတို့ရေ….။

သင်စားလိုက်တဲ့ အစားအစာတွေဟာ သင့်ရဲ့ စိတ်ခံစားမှုအပေါ်မှာ သက်ရောက်မှုရှိစေတယ်။ အစားချေလမ်းကြောင်းဟာ ဦးနှောက်နဲ့ ချိတ်ဆက်ရင်းအလုပ်လုပ်တယ်ဆိုတာကိုလည်း ကျွန်မတို့အားလုံးသိကြပါတယ်။

ဒါဆိုရင် ကျွန်မတို့စားတဲ့ အစားအစာတွေရဲ့ ကောင်းခြင်း၊ဆိုးခြင်းဟာ ဦးနှောက်ပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိစေလဲဆိုတာကို စဉ်းစားဖူးလား။ ကျွန်မတို့စားတဲ့ အစားအစာတွေဟာ ဦးနှောက်ကိုအလုပ်လုပ်ဖို့ ကူညီပေးတဲ့ လောင်စာလိုပါပဲ။ ကျွန်မတို့က လောင်စာကောင်းတာတွေ ထည့်ပေးရင် ဦးနှောက်က ငြိမ်းချမ်းပျော်ရွှင်စွာ အလုပ်လုပ်နိုင်မယ်။ အဆိပ်အတောက်ဖြစ်တာတွေ စားမယ်ဆိုရင် ဦးနှောက်က လေးလံထိုင်းမှိုင်းလာမယ်။

ဒါ့ကြောင့်လည်း ကျွမ်းကျင်သူတွေက  စိတ်ကျန်းမာဖို့အတွက် အစားကောင်းစားဖို့လိုတယ်လို့ ဆိုတာပေါ့။

အစားကောင်းစားရရင်ပျော်နေတတ်တဲ့ သူငယ်ချင်းလေးကို mention ခေါ်လိုက်ပါဦး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။