အဆီကျဝိတ်ချလိုသူတွေ သိထားသင့်တဲ့ ဝိတ်ကျအစားအစာလေးများ

၁။ ပျားရည်က ဝိတ်ချဖို့အတွက် အကောင်းဆုံးပေါ့။ တစ်နေ့ကို ပျားရည်စစ်စစ် တစ်ဇွန်းစာလောက်ကို ရေနွေးလေးနဲ့ရောပြီး သောက်ပေးပါ။ အဆီပိုတွေ ကျသွားပါလိမ့်မယ်။

၂။ ဂေါ်ဖီထုပ်များများစားပေးရင်လည်း အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

၃။ မနက်တိုင်း ခရမ်းချဉ်သီးတစ်နေ့တစ်လုံးစားပေးရင် ၃ လအတွင်း အဆီတွေ သိသိသာသာ ကျစေတယ်လို့ သိရပါတယ်။

၎။ တစ်နေ့ကို ပျဉ်းတော်သိမ်ရွက် ၁ဝရွက်၊ ၁၂ရွက်လောက် စားပေးပါ။ ၄ လလောက်ကြာရင် ကိုယ်အလေးချိန် သိသိသာသာ ကျသွားပါလိမ့်မယ်။

၅။ သံပုရိုရည် (၃) ဇွန်း၊ ငရုတ်ကောင်းမှုန့် နဲ့ ပျားရည်နည်းနည်းကို ရေနဲ့ဖျော်ပြီးသောက်ရင် ၄လ အတွင်းဝိတ်ကျစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ နေ့တိုင်း ရေနွေးကြမ်း၊ လက်ဖက်ရည်ကြမ်းသောက်ခြင်းကလည်း အဆီပိုတွေကို ဖယ်ရှားပေးပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

၇။ ဂျင်း လက်တစ်ဆစ်လောက်ကို ပြုတ်ပါ။ ဂျင်းပြုတ်ရည်ထဲကို သံပုရိုသီးလေးတွေ ပါးပါးလေးလှီးထည့်ပြီး နွေးသွားတဲ့အချိန် သောက်လိုက်ပါ။ ဒီလို သောက်ခြင်းက အစားစားချင်စိတ်ကို လျှော့ချပေးပြီး အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၈။ ပူစီနံရွက်လေးတွေကို ကျိတ်ပြီး ထမင်းစားတိုင်း နည်းနည်းစီစားပေးရင်လည်း အဆီပိုတွေကို ချေဖျက်ပေးနိုင်ပါတယ်။

၉။ ခါကြက်ဥ (မုန်လာဥနီ) ဖျော်ရည်ကလည်း ကိုယ်အလေးချိန်ကို ထိန်းပေးတာကြောင့် နေ့တိုင်းသောက်သုံးပေးသင့်ပါတယ်။

ဝိတ်ချချင်နေတဲ့ သူငယ်ချင်းတွေကို mention ခေါ်လိုက်နော်။