ကျန်းမာရေးနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာအချက်များ

blank
၁။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန်ပိုလိုအပ်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိပ်ချိန်ပိုလိုအပ်ပါတယ်လို့ သုတေသီတွေက ထုတ်ဖော်ပြောကြားထားပါတယ်။  လေ့လာတွေ့ရှိချက်တွေအရ၊ အိပ်ရေးမဝတဲ့ အမျိုးသမီးတွေဟာ စိတ်ဓာတ်ပိုကျလွယ်ပြီး ဒေါသထွက်လွယ်နေပါတယ်။

၂။ ငယ်ရွယ်နုပျိုတယ်လို့ ထင်ရတဲ့လူတွေဟာ အသက်ရှည်ရှည်နေရပါတယ်။

အမွှာပေါင်း  အတွဲ ၃၈၇ တွဲကို စမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် သူတို့ရဲ့ အသက် ၇ဝ၊ ၈ဝ၊ ၉ဝ တစ်ကြိမ်စီ တွေ့ဆုံခဲ့တဲ့အခါ ရုပ်ပိုနုတဲ့သူတွေက ပိုပြီး အသက်ရှည်နေတာကို တွေ့ရှိခဲ့ရပါတယ်။

၃။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

အမျိုးသားတစ်ယောက်ဟာ တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ်လောက် သူငယ်ချင်း ၄၊ ၅ ယောက်လောက်နဲ့ တွေ့ဆုံသင့်တယ်လို့ စိတ်ပညာရှင်တွေက အကြံပေးပြောကြားထားပါတယ်။ တွေ့ဆုံချိန်တွေမှာ အားကစားလုပ်တာ၊ bar သွားတာတွေလုပ်ပြီး အချိန်ဖြုန်းနိုင်ပါတယ်။ စစ်မှန်တဲ့ သူငယ်ချင်းတွေ ရထားတဲ့အမျိုးသားတွေက စိတ်ဖိစီးမှုလျှော့နည်းပြီး ကိုယ်ခံအားစနစ်ပိုကောင်းကြတယ်လို့လည်း စိတ်ပညာရှင်တွေက ပြောကြားထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အအေးမိတဲ့အခါ ချမ်းတုန်တာက ဝိတ်ကျစေနိုင်ပါတယ်။

အအေးမိချိန်မှာ ၁ဝ မိနစ်လောက်တုန်ခိုက်နေတာက ၁ နာရီလောက် လေ့ကျင့်ခန်းလုပ်တာထက် အဆီတွေကို ပိုလောင်ကျွမ်းနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

၅။ စက်ဘီးစီးတာက ကိုယ်ခံအားစနစ်ကို ပြန်လည်နုပျိုစေပါတယ်။

အသက်အရွယ်ကြီးသူတွေ စက်ဘီးစီးတဲ့အခါ ကြွက်သားထုထည်လျော့တွဲကျတာနဲ့ အင်အားချည့်နဲ့တာကို ကာကွယ်ပေးပြီး အဆီနဲ့ ကိုလက်စထရော level ကို တည်ငြိမ်စေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အံ့သြစရာအချက်ကတော့ စက်ဘီးစီးသူတွေရဲ့ ခန္ဓာကိုယ်ဟာ အသက် ၂ဝ အရွယ်နဲ့ ယှဉ်နိုင်လောက်တဲ့ ကိုယ်ခံအားကောင်းစေတဲ့ T ဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။ တကယ်တော့ T ဆဲလ်ထုတ်လုပ်မှုဟာ အသက် ၂ဝ ဝန်းကျင်မှာ စတင်လျှော့နည်းလာပါတယ်။ ဒါကြောင့် စက်ဘီးစီးတာက ကိုယ်ခံအားစနစ်နုပျိုအောင် လုပ်ပေးနိုင်ပါတယ်။

၆။  ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေတယ်ဆိုတာ ပြနေတဲ့လက္ခဏာတစ်ရပ်ကတော့ ဝမ်းချုပ်တာပဲ ဖြစ်ပါတယ်။

ရေဓာတ်မလုံလောက်တဲ့အခါ အူမကြီးအပါအဝင် ရေဓာတ်စုပ်လို့ရသမျှ နေရာအားလုံးကနေ ခန္ဓာကိုယ်က ရေဓာတ်စုပ်ယူပါတယ်။ တကယ်လို့ သင်က ရေကို အလုံအလောက်မသောက်ဘူးဆိုရင် ဝမ်းချုပ်လာပါမယ်။

ဒီကျန်းမာရေးစာစောင်လေးကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။