နွေရာသီသင်္ကြန်ကာလမှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

blank

နွေရာသီမှာ အပြင်ရာသီဥတုပူသလို ခန္ဓာကိုယ်အတွင်းမှာလည်း လူတစ်ယောက်ကို စိတ်တိုဒေါသဖြစ်လွယ်အောင်၊ ပင်ပန်းအောင်၊ အိပ်မပျော်အောင်၊ အာရုံစူးစိုက်မှုတွေ ပျောက်ဆုံးအောင် အပူတွေကို ထုတ်လွှတ်ပေးနေတတ်ပါတယ်။ နွေရာသီမှာ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် ရေအလုံအလောက်သောက်ဖို့က အရေးကြီးသလို မှန်ကန်တဲ့အစားအသောက်တွေ စားသုံးပေးဖို့ကလည်း အရေးပါပါတယ်။ ဒါကြောင့် နွေရာသီမှာ လုံးဝမစားသုံးသင့်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ။

အစပ်ဟာ အစားအသောက်အရသာကို ပိုမိုကောင်းမွန်စေနိုင်တယ်ဆိုပေမယ့် ခနာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်တွေကိုပါ တိုးမြှင့်ပေးလိုက်တာမို့ ပိုမိုပူလောင်စေတတ်ပါတယ်။

၂။ ကြေညက်မလွယ်တဲ့ အစားအစာတွေ။

နွေရာသီဆိုတာ ဟင်းအနှစ်တွေ၊ ကြက်သားတွေ၊ ငါးတွေ၊ ပင်လယ်စာတွေပဲ စားသုံးနေရမယ့် အချိန်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအရာတွေစားသုံးခြင်းက ပိုမိုချွေးထွက်စေနိုင်တဲ့အပြင် ဝမ်းလျှောဝမ်းပျက်ပါ ဖြစ်ပွားစေနိုင်လို့ပါ။

၃။ ဆီများတဲ့ အသင့်စားအစားအစာတွေ။

အသားပြားတွေနဲ့ ဘာဂါတွေ၊ ဆီကြော်စာတွေလို ဆီများတဲ့အစားအစာတွေ စားသုံးခြင်းကလည်း သင့်ကို မအီမသာဖြစ်စေပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လက်ဖက်ရည်နဲ့ ကော်ဖီ။

ဒီအရာတွေဟာလည်း ခနာကိုယ်တွင်း အပူဓာတ်ကို တိုးမြှင့်စေတဲ့အတွက် သေချာပေါက်ရှောင်ရှားရမယ့်အရာတွေပါပဲ။ ကဖင်းဓာတ်တွေနဲ့၊ သကြားပါဝင်တဲ့ အချိုရည်တွေဟာ သင့်ခနာကိုယ်ကို ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။

၅။ အချဉ်ရည်တွေ။

ချိစ်နဲ့လုပ်ထားတဲ့ အချဉ်ရည်တွေဟာလည်း ရှောင်ရှားစရာတစ်ခုပါပဲ။ ဒီအချဉ်ရည်မှာ ကယ်လိုရီ ၃၅ဝ နီးနီးပါဝင်တဲ့အတွက် သင့်ကို အန်ချင်သလိုလို ဖြစ်စေပါလိမ့်မယ်။ တချို့သောအချဉ်ရည်တွေမှာလည်း ဆားနဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ အချိုမှုန့်တွေ အလွန်အကျွံပါဝင်ပါတယ်။

ဒီကျန်းမာရေးဗဟုသုတပေးတဲ့ စာစောင်လေးကို နှစ်သက်သဘောကျမိတယ်ဆိုရင် SHARE ပေးသွားပါဦးနော်။