သင့်လက်မှာ ဒီလိုပြောင်းလဲမှုတွေရှိနေပြီဆိုရင် သင့်ကျန်းမာရေးကို သတိထားပါ။

လက်တွေဆိုတာ ဇရာကိုပြနိုင်တဲ့ ပထမဆုံးခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပါတယ်။ လက်တွေက ဇရာကိုတင်မက၊ သင့်ကျန်းမာရေးကိုပါ ဖော်ပြနေပါတယ်။

ကဲ… အခု သင့်လက်နှစ်ဖက်ကို ကြည့်လိုက်ပါ။

၁။ လက်ဖဝါးတွေနီရဲနေရင်

လက်ဖဝါးတွေပုံမှန်ထက်ပိုပြီး နီရဲနေတယ်ဆိုတာ အသည်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် အသက် (၅ဝ)ကျော်လူကြီးတွေမှာပေါ့။ လက်ဖဝါးအပြင်ဘက်စွန်းမှာ အနီကွက်ပေါ်နေတာက ဟော်မုန်းမညီမျှတာ၊ သွေးကြောနံရံတွေ ကျယ်လာတာကိုလည်း ဖော်ပြနေပါတယ်။ လေးဘက်နာရောဂါရှိနေရင်လည်း လက်ဖဝါးတွေရဲနေတတ်ပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင် ဆရာဝန်ဆီသွားပြီး စစ်ဆေးပါ၊ အရက်သောက်တာလည်း လျှော့ပါ။

၂။ လက်ဖဝါးက ချွေးထွက်လွန်းရင်

လက်ဖဝါးချွေးထွက်တာ အကြောင်းရင်း (၃) ခုရှိပါတယ်။

  • ချွေးထွက်လွန်းခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်းခြင်း

လက်ဖဝါးချွေးထွက်လွန်းနေတယ်ဆိုရင် အရက်လျှော့သောက်ပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေ ကြာကြာမထားပါနဲ့။ စိတ်ငြိမ်အောင် တရားထိုင်ပါ။

၃။ လက်ဖဝါးတွေ ထုံကျင်နေတယ်ဆိုရင်

လက်ဖဝါးက အာရုံကြောတွေကို ဖိထားတာကြောင့် ထုံကျင်နေတတ်ပါတယ်။ ဇက်ကျောတက်ခြင်း၊ အကြောညပ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ခြေလက်အာရုံကြောထိခိုက်ခြင်း၊ သွေးအားနည်းခြင်းနဲ့ ဆီးချိုသွေးချိုရောဂါတွေကြောင့်လည်း လက်ဖဝါးထုံကျင်နေတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လက်ဖဝါးတွေ ခြောက်သွေ့လွန်းနေရင်

လက်ဖဝါးတွေခြောက်သွေ့ပြီး အသားပပ်တာက ရေဓာတ်ခမ်းခြောက်လွန်းလို့ပါ။ သွေးဆုံးကိုင်လို့ estrogen ဟော်မုန်းချို့တဲ့ရင်လည်း လက်တွေခြောက်သွေ့လွန်းပါတယ်။ လက်တွေအရမ်းခြောက်နေတယ်ဆိုရင် ရေများများသောက်ပါ။ အစိုဓာတ်ဖြည့်တဲ့ hand cream လိမ်းပါ။ ဟော်မုန်းမျှတစေဖို့ ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပါ။

၅။ လက်တွေအရမ်းတုန်နေရင်

လက်တွေအရမ်းတုန်နေတာ၊ ပစ္စည်းတွေ ခဏခဏလွတ်ကျတာတွေက အာရုံကြောပျက်စီးတဲ့ရောဂါရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ကော်ဖီနဲ့အရက်သောက်တာများရင်လည်း လက်တွေတုန်တတ်ပါတယ်။ စိတ်လှုပ်ရှားရင်လည်း လက်တွေတုန်တတ်ပါတယ်။ အကြောင်းရင်းမယ်မယ်ရရမရှိဘဲ လက်တွေတုန်နေရင် အာရုံကြောစစ်ဆေးမှုလုပ်သင့်ပါတယ်။

၆။ လက်သည်းတွေ ကျိုးလွယ်တယ်ဆိုရင်

ဇင့်ဓာတ်ချို့တဲ့နေလို့ပါ။ ဇင့်ဓာတ်က ကျန်းမာရေးအတွက်သိပ်ကိုအရေးကြီးပါတယ်။ ဇင့်ဓာတ်ကအနာကျက်စေတယ်၊ ဆဲလ်ကွဲပွားမှုကို ကူညီပေးတယ်၊ ပြီးတော့ ကိုယ်ခံအားကို ကောင်းမွန်စေတယ်။ ဇင့်ဓာတ်ချို့တဲ့နေပြီဆိုရင် oat၊ အစေ့အဆံတွေနဲ့ အသားတွေများများစားပေးပါ။ လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဇင့်ဓာတ်ဖြည့်စွက်အားဆေးတွေ သောက်ပါ။

၇။ လက်ချောင်းထိပ်တွေမှာ ဖောင်းကားပြီး တင်းပုတ်ပုံဖြစ်နေတယ်ဆိုရင်

ခန္ဓာကိုယ်က အောက်ဆီဂျင်ဓာတ်လုံလောက်စွာမရလို့ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နေရင်လည်း လက်ချောင်းထိပ်တွေ ဖောင်းကားနေတတ်ပါတယ်။

သင့်လက်မှာရော… အဲဒီလိုထူးခြားမှုတွေရှိနေလား။ သေချာပြန်ကြည့်လိုက်ပါဦး။

ဒီလို ကျန်းမာရေးဗဟုသုတစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။