အားကျအတုယူဖွယ် အမျိုးသမီးတစ်ဦး Kirsty Mitchell

blank
Kirsty Mitchell: The Woman with Imagination

အသက် (၃၆)နှစ် အရွယ်အမျိုးသမီးတစ်ဦး၊ သူ၏မိခင်မှာ ဦးနှောက်ကင်ဆာဖြင့် သေဆုံးသွားပြီးနောက် မိခင်အားလွမ်းဆွတ်တမ်းတသည့်အနေနဲ့ အသက်ရှူမှားလောက်တဲ့ ဓာတ်ပုံတွေကို ဖန်တီးခဲ့သူ ကာစတီ မစ်ရှဲ(Kirsty Mitchel)l…

ဓာတ်ပုံတစ်ပုံက အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ဆိုနိုင်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ကာစတီ ကစကားလုံးတစ်လုံးမှမပါဝင်ဘဲ ထူးဆန်းထွေလာကမ္ဘာ(Wonderland) ဆိုတဲ့ဓာတ်ပုံ စုစည်းမှုလေးနဲ့ ပုံပြင်တစ်ပုဒ် ပြောပြနိုင်ခဲ့တယ်။ ၂၀၀၉ခုနှစ် သူ့မိခင် မော်ရီးန်(Maureen) သေဆုံးပြီးတဲ့နောက်မှာ သူမ၏ဘ၀တွင် အကြီးမားဆုံး အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ သူငယ်စဉ်ကတည်းက မိခင်ပြောခဲ့တဲ့ ပုံပြင်တွေ ကိုနှစ်သက်ခဲ့ပြီး မိခင်၏ သဘာဝအလှတွေကို နှစ်သက်မြတ်နိုးမှုနဲ့ စိတ်ကူးယဉ်ဆန်မှုတွေက သူ့အပေါ်အများကြီး လွှမ်းမိုးစေခဲ့ပါတယ်။ သူ့မိခင်မရှိတော့တဲ့ နောက်ပိုင်း သူ့ဘ၀၏ကွက်လပ်ကိုဖြည့်ပေးနိုင်ဖို့ ကင်မရာမှန်ဘီလူးလေးကနေတဆင့် လမ်းစရှာခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုထွက်ပေါက်တစ်ခုရှာရာကနေ ကြီးကျယ်ခမ်းနားတဲ့ Wonderland ပရောဂျက်ကြီးကိုဖန်တီးနိုင်ခဲ့တာပါ။

ပထမတော့ နွေရာသီအလှကို ဖော်ကျူးတဲ့ဓာတ်ပုံအချို့ပဲ ရိုက်ဖို့စီစဉ်ခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူ ဆံပင်နဲ့မိတ်ကပ်ပညာရှင် အယ်လ်ဘီ ဗန် အီဒင်(Elbie Van Eeden) ကကူညီပြီး ဒီအစီအစဉ်ကြီးတစ်ခုလုံးကို အကောင်အထည်ဖော်ခဲ့ကြတယ်။

သူ့ပုံတွေကြည့်လိုက်တဲ့အခါ ပရိသတ်ကြီးစိတ်ထဲမှာ ဖိုတိုရှော့ပ်(photoshop) နဲ့ပြင်ထားတယ်လို့ ထင်မိမှာပါ။ ဓာတ်ပုံတွေက အရမ်းလှလွန်းတော့ အားလုံးလည်းဒီလိုပဲထင်ကြပါတယ်။ ပြီးတော့နောက်ခံရှုခင်းတွေကလည်း နေရာအနှံ့စုံအောင် ရိုက်ခဲ့တယ်လို့လည်းထင်ကြမှာပါ။ တကယ်တော့ ဒီပုံတွေအားလုံးက ကာစတီ အိမ်ဘေးနားက သစ်တောလေးထဲမှာ ရိုက်ခဲ့တဲ့ တကယ့်သဘာဝပုံတွေပါ။ ကာစတီ ကသူ့ရင်ထဲက ခံစားချက်နဲ့ကိုက်ညီတဲ့ နောက်ခံရှုခင်းတွေကို သေချာရွေးချယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူတို့သူငယ်ချင်းနှစ်ယောက်လုံးမှာ ကိုယ်စီ အသက်မွေးဝမ်းကျောင်း အလုပ်တွေကလည်း ရှိသေးတော့ ညနေပိုင်း အလုပ်ဆင်းချိန်နဲ့ ရုံးပိတ်ရက်တွေမှာပဲ ပြင်ဆင်ခဲ့ရတာပါ။ ဆာရေး(Surrey) မြို့က ကာစတီ အိမ်ပတ်ဝန်းကျင်မှာပဲ ငွေကြေးအနည်းငယ်နဲ့ ၀တ်စုံတွေ၊ ဆံပင်တုတွေ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ဖန်တီးခဲ့ကြပါတယ်။ တခါတရံ သူများအသုံးမ၀င်တော့တဲ့ပစ္စည်းတွေ စွန့်ပစ်ထားတဲ့ပစ္စည်းတွေကိုပါ အသုံးပြုခဲ့ရပါတယ်။

Wonderland ကကျွန်မတို့ ပတ်ဝန်းကျင်က သဘာဝအလှတွေအားလုံးပါပဲ လို့ ကာစတီ ကပြောပါတယ်။ သူမရဲ့ရည်ရွယ်ချက်ကတော့ သူမပုံတွေကနေတဆင့် ကမာပေါ်က သဘာဝအလှတရားတွေဖန်ဆင်းထားခြင်းကို အမှတ်ရစေချင်တာပါ။

Wonderland စုစည်းမှုမှာ ပုံပေါင်း (၈၀) ပါဝင်ပါတယ်။ သိပ်မကြာသေးခင်ကာလမှစပြီး သူဟာသာမန် အမျိုးသမီးလေးကနေ ကမ္ဘာကျော်စာနယ်ဇင်းမီဒီယာတွေဖြစ်တဲ့ Harper’s Bazaar, Italian Vogue, The Daily Mail, The BBC News, MSN, the Huffington Post စသည်တို့က အထူးရေးသားဖော်ပြခဲ့ရသည်အထိ အောင်မြင်မှုများရရှိခဲ့ပါတယ်။

ဒီလုပ်ငန်းစဖြစ်ခဲ့တဲ့ အကြောင်းက ၀မ်းနည်းကြေကွဲစရာကောင်းခဲ့ပေမယ့် အခုလိုအောင်မြင်ပြီး အဖိုးတန်သူငယ်ချင်းတွေရခဲ့တဲ့အတွက် အလွန်ကျေနပ်ပါတယ်လို့ ကာစတီကပြောပါတယ်။ သူ့ရဲ့Wonderland စာအုပ်အတွင်း မျက်နှာဖုံးမှာ သူမမိခင်နာမည်လေး ရိုက်နှိပ်ပြီးတဲ့အခါ သူမမိခင်အတွက် နောက်ဆုံးတော့ တစ်ခုခုလုပ်နိုင်ခဲ့ပြီဆိုပြီး ပီတိဖြစ်ရမှာပါ လို့ပြောခဲ့တဲ့ Kirsty Mitchell ရဲ့ခံစားချက်တွေကို ပရိသတ်ကြီးလည်း နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်ရင်း ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။