သင့်စိတ်ဆန္ဒပြင်းပြမှ တကယ်အောင်မြင်လာမှာပါ။

blank

မိတ်ဆွေ…

ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆုံးရှုံးမှုတွေကြောင့် နာကျင်ခံစားနေတဲ့ လူတွေရှိသလို ဆုံးရှုံးမှုတွေဆီက သင်ခန်းစာယူပြီး လက်မလျှော့ဘဲ ရှေ့ဆက်နေတဲ့သူတွေလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆက်ကြိုးစားနေသူတွေ တွေးတာက ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာ ဆက်လုပ်ရမယ်ဆိုတာပါပဲ။

သူတို့တွေဟာ မနက်ဖြန်ဆိုတာကို မကြောက်ကြပါဘူး။ သူတို့တွေဟာ သူတို့ပိုင်ဆိုင်ရမယ့် အနာဂတ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရွေးချယ်ချမှတ်ကြတယ်။ ဆန္ဒသာရှိရင် ဘာမဆိုကျော်လွှားနိုင်မယ်လို့ ယုံကြည်မှုရှိကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်လို့ သင့်မှာလည်း ဒီလိုအသိတရားရှိလာရင်၊ ဒီလိုစိတ်မွေးနိုင်ရင် ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်တော့ပါဘူး။ အောင်မြင်ချင်သူတစ်ယောက်ဟာ အောင်မြင်မှုရရှိဖို့ စိတ်ထက်သန်ပြင်းပြမှု ရှိရပါမယ်။ သင့်အနေနဲ့ အောင်မြင်မှု ကြီးကြီးမားမားရချင်တယ်ဆိုရင် စိတ်နှစ်ကိုယ်နှစ် ကြိုးစားမှုရှိရပါမယ်။

           “ လက်ရှိအချိန်ဟာ ကြိုးစားဖို့ အကောင်းဆုံးပဲ ”

ဆိုတဲ့ စိတ်ကိုမွေးပါ။

သင့်အတွက် အောင်မြင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ လောကကြီးမှာ အားထုတ်မှုမရှိဘဲနဲ့တော့ အောင်မြင်မှုဆိုတာလည်း ရမလာနိုင်ပါဘူး။ သင်က အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်မှု၊ ပြီးပြည့်စုံမှု၊ ပျော်ရွှင်မှုတွေ ရလာဖို့ စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကသာ အရာအားလုံးဖြစ်တယ်လို့ ယုံကြည်ပါ။ ပါရမီ၊ မှတ်ဥာဏ်၊ ပညာရေးဆိုတာတွေကြောင့် မဟုတ်ပါဘူး။

သင့်စိတ်ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကသာ အရေးကြီးဆုံးပါ။ အခုချိန်ကစပြီး သင့်သမိုင်းကို သင်ကိုယ်တိုင်ရေးလိုက်ပါ။ သင်က အောင်မြင်သူတစ်ယောက်ဆိုတာ သင့်ကြိုးစားမှုနဲ့ အကောင်းဆုံး သက်သေပြလိုက်ပါ။