စာချစ်သူတို့ရေ
လေ့လာမှုတွေအရ အကောင်းမြင်စိတ်ရှိခြင်းက အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အထောက်အကူ ပြုနိုင်တယ်လို့ သိရပါတယ်။
အကောင်းမြင်စိတ်ရှိတဲ့လူတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဆိုးကျိုးတွေကို လျော့ကျစေနိုင်ပြီး သွေးပေါင်ချိန် အတက်အကျကိုလည်း ထိန်းပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
လေ့လာမှုတစ်ခုမှာ အကောင်းမြင်စိတ်ဟာ လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ Diet လုပ်ခြင်းတွေလိုပဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိစေပြီး အသက်ပိုရှည်စေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
ကဲ…
ဒါ့ကြောင့် ဘဝကိုပိုနေပျော်စေရုံသာမက ကျန်းမာရေးပါကောင်းမွန်စေတဲ့ အကောင်းမြင်စိတ်ကို အမြဲမွေးမြူထားကြစို့လား။