အော်ဒရေး ဟပ်ဘန်း (Audrey Hepburn) ရဲ့ အလှအပဆိုင်ရာ ဒဿနများ

blank

မိန်းမတစ်ယောက်ရဲ့ အလှစစ်ဆိုတာ…….

၁။ သာယာနာပျော်ဖွယ်စကားတွေ ပြောတတ်တဲ့ နှုတ်ခမ်းလေးတစ်စုံကသာလျှင် အလှဆုံးပါပဲ။

၂။ လူတွေရဲ့ ကောင်းကွက်တွေကို ရှုမြင်တတ်တဲ့ မျက်ဝန်းတစ်စုံကသာ အညှို့ငင်နိုင်ဆုံးပါ။

၃။ ဆာလောင်မွတ်သိပ်နေတဲ့သူတွေနဲ့ အစားအသောက် ဝေမျှစားသောက်တတ်တဲ့သူကသာ အဆီပိုကင်းတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်မှာပါ။

၎။ ဘဝမှာ အိနြေ္ဒရရ လျှောက်လှမ်းနိုင်ဖို့ ဗဟုသုတတွေ သိုမှီးဖို့လည်း အရေးကြီးပါတယ်။

၅။ လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ခဏတာ အပေါ်ယံကြည့်ပြီး ဘယ်သူ့ကိုမှ လက်လွတ်စပယ် အထင်မသေးလိုက်ပါနဲ့။

၆။ အသက်ကြီးလာတာနဲ့အမျှ သင့်မှာ သင့်ကိုယ်သင် ကူညီဖို့လက်တစ်ဖက်ရယ်၊ တခြားသူတွေကို ကူညီဖို့ လက်တစ်ဖက်ရယ်၊ ပေါင်းလက်နှစ်ဖက် ရှိတာကို သိလာမှာပါ။

၈။ မိန်းမတစ်ယောက်ရဲ့ အလှစစ်ကို နှလုံးသားရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးတွေကတစ်ဆင့် တွေ့မြင်နိုင်ပါတယ်။

၈။ မိန်းမတစ်ယောက်ရဲ့ အလှစစ်ဟာ သူမ ရဲ့ အတွင်းစိတ်ပေါ်မှာ ရောင်ပြန်ဟပ်ပါတယ်။ ဒါ့အပြင် အလှစစ်ဆိုတာဟာ နှစ်တွေကြာသွားတာနဲ့အမျှ ပိုမိုတိုးပွားလာတာမျိုးပါ။

စာချစ်သူတို့ကော အော်ဒရေး ဟပ်ဘန်းရဲ့ အလှအပဆိုင်ရာ ဒဿနတွေကို နှစ်သက်တယ်ဆိုရင် ချစ်သူ ခင်သူတွေ သိရှိနိုင်ဖို့ ဒီစာစောင်လေးကို ဝေမျှသွားပေးပါဦးနော်။