ဖုန်း lock ချပုံကိုကြည့်ပြီး ဖုန်းပိုင်ရှင်ရဲ့စိတ်နေသဘောထားကို ခန့်မှန်းကြည့်ရအောင်

blank
၁။ Pattern lock သုံးထားတယ်ဆိုရင်

သူများတွေကို ကူညီချင်စိတ်အမြဲရှိပြီး အများအကျိုးဆောင်ရွက်ရတာကို ပျော်နေတတ်တယ်။ အများအမြင်မှာ ပျော်ပျော်နေတတ်သူလို့ ထင်ရပေမဲ့ တကယ်တမ်းအတွင်းစိတ်မှာ သောကတွေ၊ ဝမ်းနည်းမှုတွေ ရှိနေတတ်တယ်။ ဘယ်သူ့ကိုမှ မမှီခိုဘဲရပ်တည်နိုင်ပြီး ရဲရင့်တယ်။ သူငယ်ချင်းတွေကို စိတ်ရင်းနဲ့ခင်မင်တတ်တယ်။ လူတိုင်းကို လွယ်လွယ်မယုံတတ်ဘူး။ ပျော်စရာတွေကိုပဲ ဝေမျှတတ်ပြီး စိတ်ညစ်စရာတွေကိုဆိုရင် တစ်ယောက်တည်းကျိတ်မှိတ်ပြီး ခံစားတတ်တယ်။

စိတ်ဆတ်ပြီး တစ်ခုခုဆို လျှောက်တွေးပြီးစိတ်ညစ်နေတတ်တာက အကျင့်ဆိုးလေးကိုတော့ ပြင်သင့်ပါတယ်။

၂။ PIN lock သုံးထားတယ်ဆိုရင်

ခန့်မှန်းရခက်တဲ့သူပေါ့။ အရင်းနှီးဆုံးသူတွေကတောင်မှ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာကို မခန့်မှန်းနိုင်ကြဘူး။ ကဗျာဆန်တယ်။ အမှတ်သညာကြီးတယ်။ ကိုယ့်ကို ထိခိုက်နစ်နာစေတဲ့သူဆိုရင် တစ်ခုခုပြန်လုပ်လိုက်ရမှ ကျေနပ်ကြတယ်။ ကိုယ့်ခံစားချက်တွေကို သူများတွေကို နားလည်စေချင်တယ်။ ကိုယ့်ကို ဂရုစိုက်တဲ့သူကို အရမ်းတွယ်တာတတ်တယ်။ လျှို့ဝှက်ချက်တွေ အများကြီးရှိပြီး တကယ်ရင်းနှီးယုံကြည်ရတဲ့သူတွေကိုပဲ တချို့လျှို့ဝှက်ချက်လေးတွေ ပြောပြတတ်တယ်။

စိတ်ထဲကမပါဘဲ မျက်နှာထားတင်းတင်းနေတတ်တာ၊ အလွယ်တကူ မခင်မင်တတ်တာတွေက ပြင်သင့်တဲ့ အကျင့်ဆိုးလေးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ Fingerprint lock သုံးထားတယ်ဆိုရင်

သိပ်ကို ဟန်ဆောင်ကောင်းတယ်။ ဝမ်းနည်းနေပေမဲ့ ကြိုးစားပြီးပြုံးနိုင်ကြတယ်။ မသိရင်တော့ တစ်ယောက်တည်းနေနိုင်တဲ့ စိတ်ဓာတ်ခိုင်မာသူလိုပဲ၊ ဒါပေမဲ့ အတွင်းစိတ်မှာတော့ တစ်ယောက်တည်းဖြစ်မှာကို သေမလောက်ကြောက်တတ်တယ်။ နာကျင်ခံစားရမှာကို ကြောက်တယ်။ လူတွေအကြောင်းကောင်းကောင်းသိထားတယ်။ ယုံသင့်တဲ့သူနဲ့ မယုံသင့်တဲ့သူ ခွဲခြားတတ်တယ်။ လူကဲခတ်တော်တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအမြင်ကို တန်ဖိုးထားတာကြောင့် ဘယ်သူတွေဘယ်လိုပြောပြော ဂရုမစိုက်တတ်ဘူး။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရင့်ကျက်သူဖြစ်တာကြောင့် ဘာလုပ်လုပ် သေချာစဉ်းစားပြီးမှ လုပ်တတ်ကြတယ်။

ပြင်သင့်တဲ့အကျင့်ဆိုးလေးကတော့ နည်းနည်းပျင်းတတ်တဲ့ အကျင့်လေးပါပဲ။

၎။ ဖုန်း lock ချမထားဘူးဆိုရင်

ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူး။ ဘဝကို အရိုးရှင်းဆုံးဖြတ်သန်းပြီး နေပျော်နေချင်တဲ့သူတစ်ယောက်ပါ။ ပြဿနာတွေကို အလွယ်တကူဖြေရှင်းနိုင်တယ်။ အမုန်းမထားဘူး။ ခွင့်လွှတ်ပေးတတ်တယ်။ ပန်းတိုင်ဆီရောက်အောင် ဖြည်းဖြည်းနဲ့မှန်မှန် ကြိုးစားတတ်တယ်။ နည်းစနကျကျ စဉ်းစားတွေးခေါ်တတ်တယ်။ မှန်လိုကျင့်ကြံတယ်။ “သူကောင်းရင် ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားပိုင်ရှင်ပေါ့။

အရေးကြီး ဆုံးဖြတ်ချက်ချစရာရှိရင် တွေဝေသွားတတ်တာ၊ အလောတကြီးကိစ္စတွေဆိုရင် တလွဲလုပ်တတ်တာကတော့ ပြင်ရမယ့်အကျင့်ဆိုးလေးတွေပါ။

မှန်တယ်ဆိုရင် SHARE လိုက်ဦးနော်။ သင်ရော သင့်ဖုန်းကို ဘယ်လို Lock ချထားလဲ။ ပြောခဲ့ဦးနော်။