အိမ်အလုပ်လုပ်ရင်း ဝိတ်ချရအောင်

blank
၁။ ဥယျာဉ်စိုက်ပျိုးခြင်း

အိမ်မှာ အပင်လေးတွေစိုက်တာက ကယ်လိုရီတွေကျစေရုံသာမက စိတ်ကိုပါ ပေါ့ပါးစေပါတယ်။ မိနစ် ၂ဝ လောက် ပေါင်းသင်မြက်နှုတ်ရင် ကယ်လိုရီ ၁ဝဝ လောက်ကို လောင်ကျွမ်းပစ်နိုင်ပါတယ်။ ဒါဟာ gym မှာ ၂ နာရီထိုင်ထလုပ်တာနဲ့ ညီမျှပါတယ်။

၂။ ကခုန်ခြင်း

ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်းကို တစ်ပြိုင်နက်တည်းရနိုင်မယ့် နည်းလမ်းပေါ့။ ကခုန်ခြင်းဆိုတာ အနုပညာတစ်ရပ်ပါပဲ။ မိနစ် ၃ဝလောက် မနားဘဲ ကခုန်ရင် ကယ်လိုရီ ၁ဝဝ လောက်ကုန်သွားပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးသွားမှာပါ။

 ၃။ ကြိုးခုန်ခြင်း

တစ်နေ့လုံး ရုံးမှာရော၊ အိမ်မှာရော၊ ကျောင်းမှာရော ထိုင်နေရတာ ကိုယ်လက်တွေလေးလံပြီး ဝိတ်တက်စေပါတယ်။ ဒီတော့ အားတဲ့အချိန်ခဏလေးမှာ ကြိုးခုန်လိုက်ရအောင်လား။ ၁၅ မိနစ်လောက် ကြိုးခုန်ခြင်းက ကယ်လိုရီ ၁ဝဝ လောက်လောင်ကျွမ်းပေးနိုင်ပါတယ်။

၎။ ဟင်းချက်ခြင်း

ထမင်းဟင်းချက်တယ်ဆိုတာကို အိမ်အလုပ်တစ်လိုပဲ မမြင်လိုက်ပါနဲ့။ မီးဖိုချောင်ထဲမှာ ၄၅ မိနစ်လောက် မတ်တပ်ရပ်ပြီးဟင်းချက်ရင် ကယ်လိုရီ ၁ဝဝ လောက် အသာလေး လောင်ကျွမ်းသွားပါတယ်။ ဒါပေမဲ့ ဟင်းချက်တဲ့အချိန် သွက်သွက်လက်လက်နဲ့ လှုပ်လှုပ်ရှားရှားချက်ဖို့တော့ လိုတာပေါ့။

၅။ အိမ်သန့်ရှင်းရေးလုပ်ခြင်း

အိမ်မှာ ဖုန်သုတ်တာ၊ တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာတွေကလည်း gym မှာ လေ့ကျင့်ခန်းလုပ်သလို လှုပ်ရှားနေရတာပါပဲ။ ဒီတော့ ဝိတ်လည်းကျ၊ အိမ်လည်းလှတာပေါ့။ အိမ်သန့်ရှင်းရေးလုပ်တာကလည်း ကယ်လိုရီ ၁ဝဝ လောက်ကျစေပါတယ်။

        ပိန်ချင်လှချင်တယ်ဆိုရင် gym သွားမှာ မဟုတ်ပါဘူး။ ဒီလိုနည်းလမ်းလေးတွေနဲ့ ဝိတ်လျှော့နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားဖို့လည်း မမေ့နဲ့နော်။ အစားဆင်ခြင်ရင် ဝိတ်ပိုကျပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။