သားသမီးတွေအပေါ်ထားတတ်ကြတဲ့ မိဘတွေရဲ့ လွန်ကျူးတဲ့ မျှော်လင့်ချက်

blank

မိဘတစ်ယောက်ဖြစ်ရတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကလေးတွေဟာ လန်ပျံနေအောင် ဆော့လိမ့်မယ်၊ စကားနားမထောင် ဂျစ်ကန်ကန်လုပ်လိမ့်မယ်။ လိုချင်တာတွေကို မရမက ပူဆာလိမ့်မယ်။

လိမ္မာရေးခြားရှိတဲ့ သားသမီးတွေကို ပိုင်ဆိုင်ချင်တာက မိဘတွေရဲ့ မျှော်လင့်ချက်ဖြစ်တာကြောင့် သင့်အနေနဲ့လည်း လိမ္မာရေးခြားရှိတဲ့ ကလေးလေးတွေကို ပိုင်ဆိုင်ချင်မှာပါပဲ။ ဒါပေမဲ့ တစ်ချို့မျှော်လင့်ချက်တွေကတော့ ကလေးလေးတစ်ယောက်အပေါ်ထားသင့်တဲ့ မျှော်လင့်ချက်တွေထက် အဆမတန်ကြီးနေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

၁။ သင့်ကလေးဟာလည်းပဲ လူတစ်ယောက်ဖြစ်တာကြောင့် သူ့မှာလည်း သင်မသိနိုင်တဲ့ စိတ်ဖိစီးမှုလေးတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို အမြဲတမ်းပျော်ရွှင်တက်ကြွနေလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

၂။ ကလေးလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သင်ယူနိုင်စွမ်းတွေ၊ မှတ်ဉာဏ်တွေ မတူပါဘူး။ သင့်ကလေးငယ်ကို အခြားကလေးတွေနည်းတူ အမှတ်တွေရဖို့၊ အခြားလူတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ မလုပ်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဆော့ကစားမှုတွေနဲ့ ရောယှက်နေတဲ့ အရာတစ်ခုပါ။ သင့်ကလေးကို အချိန်ပြည့်သပ်ရပ်သန့်ရှင်းနေစေဖို့ မမျှော်လင့်ပါနဲ့။

၎။ မိဘတစ်ယောက်အနေနဲ့ သားသမီးတွေကို အရာရာဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါပေမဲ့ သူတို့ကြီးလာတဲ့အခါ သင့်ကိုပြန်ပြီး ပြုစုစောင့်ရှောက်လိမ့်မယ်၊ သင့်ကျေးဇူးတရားတွေကို ပြန်ဆပ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ မထားပါနဲ့။

၅။ ကလေးတွေဟာ လူကြီးတွေရဲ့ အပြုအမူတွေကနေ သင်ယူကြတဲ့ သူတွေပါ။ သင်လုပ်တာတွေနဲ့ မတူဘဲ သင်ပြောတဲ့အရာတွေကို နားထောင်စေဖို့ မမျှော်လင့်ပါနဲ့။