၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သွားပါများခရီးရောက်ဆိုတဲ့ထုံးနဲ့အညီ ကြိုးစားသမျှ ခရီးရောက်မယ့် ကာလဖြစ်ပါတယ်။ အောင်မြင်မှုတွေကြောင့် ပျော်ရွှင်ရမယ်။ လုပ်ငန်းသစ်တွေ ထပ်မံတိုးချဲ့လုပ်ကိုင်ရမယ်။ စုပေါင်းစပ် ပေါင်းလုပ်ငန်းတွေ အကျိုးမပေးသေးပါ။ အချစ်ရေးမှာ ကြားလေသွေးလို့ ဆွေးနေမယ်။

ယတြာ။         ။ လိုအပ်နေသူတစ်ဦးကို ငွေကြေးကူညီပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မိသားစုအကြီးအကဲကျန်းမာရေးအတွက် ပူပန်သောကရောက်ရတတ်တယ်။ မိသားစုအတွင်း ငွေကုန်ကြေးကျလည်း များနေမယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ အထူးအကျိုးပေးမယ်။ ဗုဒ္ဓဟူး နံနဲ့စတဲ့ လုပ်ငန်းတွေကို ရွေးချယ်ပါ။ အချစ်ရေးမှာ တိတ်တခိုးမျှော်လင့်နေသူဆီက ဝမ်းသာစရာအ ဖြေရမယ်။

ယတြာ။         ။ မွေးရက်မှာ အစိမ်းရောင်အင်္ကျီဝတ်ဆင်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ
         ပျော်စရာနဲ့ စိတ်ညစ်စရာတွေ ယှဉ်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ အဝေးရောက်ဆွေမျိုးတွေ ဆီက သတင်းကောင်းကြားရမယ်။ သောကြာသားတွေနဲ့ အလုပ်တွဲလုပ်ရင် အောင်မြင်မှုရရှိမယ်။ ကျန်းမာရေး အတန်ငယ်ချူချာမယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေ တည်ဆောက်နိုင်မယ်။
ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ကြေးအိုးတိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စကားတင်းဆိုကဲ့ရဲ့တတ်သူတစ်ချို့ကြောင့် အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက် ဖြစ်နေ မယ်။ အနှောင့်အယှက်ပေးသူတွေကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ မှန်မှန်ကန်ကန်နဲ့သာ သင်လုပ် စရာရှိတာကိုလုပ်လိုက်ပါ။ သင့်စေတနာ သင့်ကို ပြန်အကျိုးပေးမှာပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေကြားမှာ စိတ်လှုပ်ရှားနေရမယ့်ကာလပါ။ အချစ်ရေးနဲ့ မိ သားစုအရေးကြားမှာ ဗျာများနေရမယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် သေချာအချိန်ယူပါ။ အမှားပြုမိတတ်ပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကျန်းမာရေးကိစ္စကြောင့် ငွေကုန်ကြေးကျများတတ်တယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ စီးပွားရေး နဲ့ပတ်သက်ပြီး လူမျိုးခြားတွေ ကူညီစောင့်ရှောက်မယ်။ အကျိုးပေးမယ်။ တနင်္ဂနွေနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်ခင်သူတစ်ဦးရဲ့ အမှုကိစ္စအတွက် ကြားဝင်ပူပန်ပေးရတတ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကူးသစ်တွေ၊ အကြံဉာဏ်ကောင်းတွေ ရရှိမယ်။ ကြိုးစားသလောက် အောင်မြင်မှုရရှိမယ်။  ကြီး ကြီးမားမားငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ကြေးအိုးတိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲ ပြောမိတဲ့စကားတစ်ခွန်းကြောင့် ချစ်ခင်သူတွေနဲ့ ဆက်ဆံရေးပျက်ပြားရတတ် တယ်။ အပြောအဆို ဆင်ခြင်သတိပြုပါ။ ဝန်ထမ်းဖြစ်ပါက အထက်အရာရှိ ကြည့်ရှုစောင့်ရှောက်မယ်။ ရာထူးတိုးကိန်းရှိတယ်။ အချစ်ရေး အဆင်ပြေပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွက်လှပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးကိစ္စကြောင့် သူတစ်ပါးနဲ့ ပြဿနာအရှုပ်အရှင်း ဖြစ်ရတတ်တယ်။ ရင်းနှီးသူနဲ့တောင်မှ စာချုပ်စာတန်းနဲ့ သေချာချေးငှားပါ။ ငွေဝင်သလောက် ငွေကုန်ကြေးကျလည်း များနေမယ်။ ဆွေမျိုး သားချင်းအကျိုးပေးမယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေ ပိုများနေမယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ
         လူမှုရေးကိစ္စတွေနဲ့ လုံးပန်းရင်း အချိန်ကုန်နေတတ်တဲ့ ကာလဖြစ်ပါတယ်။ ရောက်လေရာမှာ လူချစ်လူခင်များနေမယ်။ စန်းပွင့်လွန်းတာကြောင့် အချစ်ရေးမှာ ရွေးရခက်နေမယ်။ အလုပ်အတွက် အချိန်မပေးနိုင်တာကြောင့် လစ်ဟင်းမှုတွေရှိနေမယ်။
ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုပြုလုပ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ
             သင့်အရည်အချင်းတွေကို အကောင်းဆုံးပြသရမယ့်အချိန်ဖြစ်ပါတယ်။ အခွင့်အလမ်းကောင်း တွေကလည်း စောင့်ကြိုနေပါတယ်။ ဆရာသမား၊ မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ တိုင်ပင်ပြီး အ ကောင်းဆုံးကို ရွေးချယ်လုပ်ကိုင်လိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ စိတ်ညစ်နေသူတစ်ယောက်ကို ပျော်ရွှင်အောင် ကူညီပေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ လုပ်ငန်းသစ်စတင်ဖို့ အခွင့်အလမ်းကောင်းတွေ ရရှိမယ်။ ရပ်ဝေးဆွေမျိုးတွေရဲ့ ကူညီစောင့်ရှောက်မှုကို လက်ခံရရှိမယ်။ သောကြာနံနဲ့စတဲ့ လုပ်ငန်း တွေ အထူးအကျိုးပေးမယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ပန်းသီးကပ်လှူပါ။

သင့်တစ်ပတ်တာ အဆိုးအကောင်းအကျိုးအကြောင်းလေးတွေ သိရဖို့ ဒီစာစောင်လေးကို LIKE & SHARE လေးလုပ်ထားပါဦးနော်။