လူတွေနောက်လိုက်ဖို့ပဲ ကြိုးစားနေတာကို ရပ်လိုက်ပါ။

blank

လူတွေနောက်ကိုပဲ လိုက်နေရတာ ပင်ပန်းပါတယ်။

သူ ကိုယ့်ကို block ရင်…

ကိုယ့်ဘက်က စတင်မဆက်သွယ်ဘဲ နေပေးလိုက်ပါ။

သူ ကိုယ့်ကို အရေးမလုပ်ရင်…

မသိသလိုဘဲ နေပေးလိုက်ပါ။

ကိုယ့်ပျော်ရွှင်မှုနဲ့ စွမ်းအင်တွေကို

ကိုယ့်အနားမှာ နေချင်တဲ့သူတွေအတွက်ပဲ မျှဝေပေးလိုက်ပါ။

ကိုယ့်အကြောင်းတွေးဖို့ တစ်စက္ကန့်လေးတောင် အချိန်မပေးချင်တဲ့သူတွေဆီက

ဂရုစိုက်မှုတွေမျှော်လင့်ရင်း အချိန်အတွေ အများကြီး ကုန်ခဲ့ပြီးပြီ မဟုတ်လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ထွက်သွားချင်ရက်နဲ့ ကိုယ်ဆွဲထားမိလို့ အနားမှာ သူရှိနေပေးတာကို ပျော်ရွှင်မနေပါနဲ့။

သူ့စိတ်ဆန္ဒအတိုင်း ကိုယ့်ဘေးနားမှာ အလိုလိုနေချင်သူတွေကိုပဲ ပိုတန်ဖိုးထားလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။