စိုးရိမ်တတ်တဲ့အကျင့်ကို အကောင်းဘက်ကတွေးကြည့်တဲ့အခါ

blank

ဒီဘက်ခေတ်ကလူတွေမှာ စိတ်ဖိစီးစရာတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုပိုများလာတာကို တွေ့ရပါတယ်။ အစိုးရိမ်လွန်လွန်းရင်လည်း စိတ်ကျန်းမာမှုကို တစ်နည်းတစ်ဖုံးထိခိုက်စေပါတယ်။ ဒါပေမဲ့ လောကမှာ အကောင်းအဆိုးဒွန်တွဲနေတတ်တာကြောင့် စိုးရိမ်မှုမှာလည်း ကောင်းကွက်လေးတွေရှိနေပါတယ်။

ယုံချင်ယုံမယုံချင်နေ… ပုံမှန်သင့်တင့်တဲ့ စိုးရိမ်မှုလေးရှိတာက ကျွန်မတို့အတွက် ကောင်းပါတယ်လို့ မကြာသေးခင်က လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကိုယ်ရောစိတ်အတွက်ပါ ကောင်းတာတဲ့နော်… ဘယ်လိုများ ဖြစ်နိုင်တာပါလိမ့်။ ဆက်ဖတ်ကြည့်ရအောင်။

စိုးရိမ်စိတ်လေးအနည်းငယ်က ကျွန်မတို့ကို စိတ်ဓာတ်တက်ကြွစေပြီး စိတ်ခံစားမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အချက်အလက်ကျကျ ပြောရမယ်ဆိုရင်တော့ ဒီအကြောင်းရင်းကြီး (၃) ရပ်ကြောင့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ စိုးရိမ်တတ်သူတွေက ဖြစ်လာနိုင်ခြေရှိတဲ့ အဆိုးဆုံးတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး စိတ်ဖိစီးမှုတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ကြတယ်။

၂။ စိုးရိမ်တတ်သူတွေက စိတ်ဆင်းရဲစိတ်ပင်ပန်းရပြီဆိုလည်း ခဏလေးနဲ့ ပြန်အားတင်းပြီး ကြိုးစားနိုင်ကြတယ်။

၃။ စိတ်မချမ်းသာရရင်တောင် ကိုယ်ကျန်းမာနေအောင်လို့ ကျန်းမာရေးကို ဂရုစိုက်တတ်ကြတယ်။

ဒါကဖြစ်နိုင်ပါတယ်။ စဉ်းစားကြည့်လေ။ သွားပိုးစားတယ်ဆိုပါစို့။ စိုးရိမ်တတ်သူဆိုရင် သွားဆရာဝန်ဆီ ချက်ချင်းသွားပြီး မြန်မြန်ပျောက်အောင် ကုမှာပါ။ မစိုးရိမ်တတ်သူဆိုရင်တော့ ပေါ့ပေါ့လေးပဲထားပြီး ဆေးခန်းမပြ၊ ဒီလိုနဲ့ တခြားသွားတွေပါ သွားပိုးတွေစားပြီး ပျက်စီးရမှာပါ။ ဒီတော့ စိုးရိမ်စိတ်လေး အသင့်အတင့်ထားခြင်းက ကျန်းမာရေးအတွက်ရော၊ တခြားသော ပြဿနာလေးတွေအတွက်ပါ ကောင်းကျိုးလေးတွေရှိတယ်လို့ ပြောနိုင်တာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ… စိတ်ထဲမှာ မှတ်ထားရမှာတစ်ခုက အစိုးရိမ်လွန်လွန်းရင် ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာပါပဲ။

သဘောကျနှစ်သက်ရင် SHARE လိုက်ပါနော်။ သင့်အမြင်လေးတွေကိုလည်း ဂန္ထဝင်ကသိချင်တာကြောင့် comment မှာ ရေးခဲ့ဦးနော်။