ဘဝအမြင်တွေပွင့်စေဖို့ အကောင်းဆုံးဒဿနစာစုလေးများ

blank

၁။ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာက ကြေကွဲစရာကောင်းပါတယ်။ ဒါပေမဲ့ ပိုပြီး ကြေကွဲစရာကောင်းတာက တစ်စုံတစ်ယောက်ကို ချစ်ပြီး၊ ချစ်တဲ့အကြောင်းကို ဖွင့်ပြောဖို့ သတ္တိမရှိတာပါပဲ။

၂။ ဘဝရဲ့ ဝမ်းနည်းစရာကောင်းတဲ့အရာတစ်ခုက ချစ်ရသူနဲ့ ဆုံစည်းပြီး နောက်ဆုံးမှာ အဲဒီလူကို စွန့်လွှတ်ကျောခိုင်းလိုက်ရခြင်းပါပဲ။

၃။ မဆုံးရှုံးသရွေ့တော့ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ခံစားမှုကို သိနိုင်မှာမဟုတ်ဘူး။

၎။ လူတစ်ယောက်ကို ကြွေဖို့ တစ်မိနစ်ပဲကြာတယ်။ လူတစ်ယောက်ကို ကြိုက်ဖို့ တစ်နာရီပဲ ကြာတယ်။ လူတစ်ယောက်ကို ချစ်မိဖို့ တစ်ရက်ပဲကြာတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို မေ့ပစ်ဖို့ကတော့ တစ်ဘဝစာကြာလိမ့်မယ်။

၅။ ချောမောတာကို မမက်နဲ့… အလှဆိုတာ ယိုယွင်းသွားတတ်တယ်။ ချမ်းသာတာကို မမက်နဲ့… ပစ္စည်းဥစ္စာဆိုတာ ပျောက်ကွယ်သွားတတ်တယ်။

သင့်ကို ပြုံးပျော်စေတဲ့သူကို ရှာပါ။ ဘာလို့လဲဆိုတော့ အပြုံးလေးတစ်ပွင့်က မှောင်နေတဲ့ဘဝကြီးကိုတောင် လင်းသွားစေနိုင်လို့ပါ။

၆။ မက်ချင်တဲ့အိပ်မက်မက်ပါ။ သွားချင်တဲ့နေရာကို သွားပါ။ ဖြစ်ချင်တဲ့ဘဝ ဖြစ်ပါ။ ဘာလို့လဲဆိုတော့ သင့်မှာ ဘဝတစ်ခုပဲရှိတယ်။ ပြီးတော့ သင်လုပ်ချင်တာတွေကိုလုပ်ဖို့အတွက်လည်း အခွင့်အရေးတစ်ခုပဲ ရှိတယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ အမြဲတမ်း သူတစ်ပါးနေရာကို ဝင်ပြီး ခံစားကြည့်ပါ။ ဒီလုပ်ရပ်က သင့်ကို နာကျင်စေတယ်ဆိုရင် သူများအတွက်လည်း နာကျင်စေနိုင်တယ်ဆိုတာ သိထားပါ။

၈။ ဂရုမစိုက်ဘဲ ပြောလိုက်တဲ့စကားတစ်ခွန်းက ရန်စကိုပျိုးစေနိုင်တယ်။ ရက်စက်တဲ့ စကားတစ်ခွန်းက ဘဝတစ်ခုလုံးကို ဖျက်စီးနိုင်တယ်။ ဒါပေမဲ့ ချစ်စွာသောစကားတစ်ခွန်းက အရာရာကို ကုစားပေးနိုင်ပြီး ကောင်းချီးပေးနိုင်တယ်။

၉။ အကောင်းဆုံးတွေကို ပိုင်ဆိုင်ရမှ အပျော်ရွှင်ဆုံးလို့ သတ်မှတ်တာမဟုတ်ပါဘူး။ ပိုင်ဆိုင်ထားတဲ့အရာတွေကို အကောင်းဆုံးလို့ခံယူထားပြီး ရောင့်ရဲတတ်တဲ့သူတွေကသာ ဘဝမှာ အပျော်ရွှင်ရဆုံးပါ။

၁ဝ။ အချစ်သစ်ပင်ဆိုတာ အပြုံးနဲ့ စထွက်လာတယ်၊ အနမ်းနဲ့အတူ ကြီးပြင်းလာပြီး မျက်ရည်တွေနဲ့အတူ သေဆုံးသွားတတ်ပါတယ်။

၁၁။ သင်မွေးဖွားလာတဲ့အချိန်မှာ သင်က ငိုနေပြီး သင့်အနားကလူတွေ ပျော်ကြရတယ်။ သင်သေဆုံးတဲ့အချိန်မှာတော့ သင်ကပြုံးနေပြီး သင့်အနားကလူတွေ ငိုကြွေးကြရလိမ့်မယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။