အလုပ်မှာကော မိသားစုဘဝမှာပါ အောင်မြင်ပျော်ရွှင်ချင်တဲ့အမျိုးသမီးဖြစ်စေဖို့…

blank

စာချစ်သူတို့ရေ…

ဒီနေ့ခေတ်ဆိုတာ အလုပ်နဲ့မိသားစုဘဝကြားမှာ ဗျာများနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေ ကို ပတ်ဝန်းကျင်တိုင်းမှာ တွေ့နိုင်တဲ့ခေတ်ပါ။ ဒါဟာ အမျိုးသားတွေနဲ့ရင်ပေါင်တန်းနိုင်တဲ့ ထက်မြက် သူအမျိုးသမီးတွေများလာတယ်ဆိုတဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ အလုပ်မှာကော၊ မိသားစုဘဝမှာပါ ဟန်ချက်ညီအောင်ကြိုးစားဖြတ်သန်းနေရတာက လွယ်တော့မလွယ်ကူပါဘူး။ ဒါကြောင့် အိမ်ထောင် ရှင်အမျိုးသမီးများအတွက် work life balance ဖြစ်စေမယ့် အကြံပြုချက်လေးတွေကို မျှဝေပေးလိုက် ပါတယ်ရှင်။

၁။ မနက်ဘက် အလုပ်ရှုပ်ပြီး ပျာယာခတ်စေမယ့် ကလေးကျောပိုးအိတ်ပြင်ပေးဖို့၊ မနက်ဝတ်စရာတွေ မီးပူတိုက်ဖို့တွေကို ညကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

၂။ မိသားစုအတွက် တစ်ပတ်တာကျော်ဖြတ်ဖို့အချိန်ဇယားကို စနစ်တကျကြိုတင်ဆွဲထားပါ။

၃။ ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲပြောဆိုဆက်ဆံမှုပြုပါ။

၎။ မိသားစုနဲ့ တစ်နေ့လုံး မကြာခဏ အဆက်အသွယ်ပြုပါ။

၅။ အချိန်ဖြုန်းတီးရာကျတဲ့ကိစ္စတွေကို တတ်နိုင်သလောက် ရှောင်ပါ။

၆။ မိသားစုနဲ့အတူ ပျော်စရာဂိမ်းတွေဆော့ကစားပါ။

၇။ လက်တွဲဖော်ကို အချိန်ပေးပါ။

၈။ ဝါသနာပါရာလေးတွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

၉။ သားဆက်ခြားပါ။

မိသားစုစီမံကိန်းကလည်း ရေရှည်မိသားစုဘဝအဆင်ပြေသာယာဖို့ အဓိကအရေးပါတဲ့ကိစ္စ ဖြစ်ပါတယ်။ မှန်ကန်စွာသားဆက်ခြားခြင်းဖြင့်  မိသားစုစီးပွားရေးအပြင် သားသမီးတွေရဲ့ပညာရေးကို ပါ စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ သားသမီးဘယ်နှယောက်ယူမယ်၊ ဘယ်အချိန်ယူမယ် ဆိုတာကို လက်တွဲဖော်နဲ့ တိုင်ပင် ညှိနှိုင်းပြီး စီမံနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ သားဆက်ခြားဖို့နည်းလမ်း များစွာလည်းရှိနေပြီမို့ နားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိနဲ့ သင့်တော်အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်လို့ရပါတယ်။

စာချစ်သူအိမ်ထောင်ရှင်အမျိုးသမီးများ ဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Lydia Myanmar တို့ မှ ပူးပေါင်းတင်ဆက်ထားပါတယ်။