မေထုန်ရာသီဖွား (Gemini) တစ်ယောက်ကို ဒိတ်လုပ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်များ

blank

၁။ မေထုန်ရာသီဖွားလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်မားကြတယ်။ ဒါ့ကြောင့် မေထုန်ရာသီဖွားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိဖို့လိုပါတယ်။ ၂။ မေထုန်ရာသီဖွားတွေဟာ ပွင့်ပွင့်လင်းလင်းရှိသလို ဆွေးနွေးငြင်းခုံရတာလည်း နှစ်သက်တတ်ပါတယ်။ ဒါကြောင့် မေထုန်ရာသီဖွားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် သင့်အနေနဲ့ ဗဟုသုတကြွယ်ဖို့တော့ လိုပါတယ်။

၃။ မေထုန်ရာသီဖွားလေးတွေဟာ စကားပြောရတာ နှစ်သက်သလို သူတပါးစကားပြောတာကိုလည်း နားထောင်ပေးတတ်ပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့ မေထုန်ရာသီဖွားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် စကားပြောကြွယ်ပြီး နားထောင်ကောင်းဖို့ လိုပါတယ်။

၎။ မေထုန်ရာသီဖွားလေးတွေဟာ အတွေးအခေါ်တွေ လွတ်လပ်သလို ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နေထိုင်ရတာကိုလည်း နှစ်သက်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ မေထုန်ရာသီဖွားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် သဝန်တိုချုပ်ချယ်တတ်တဲ့အကျင့်လေးကို ဖျောက်ထားဖို့လိုပါတယ်။

၅။ မေထုန်ရာသီဖွားလေးတွဟာ ဟိုစပ်စပ်ဒီစပ်စပ်ပါရတာ ဝါသနာပါပါတယ်။ ဒါ့ကြောင့် စပ်စုတတ်ရန်ကောလို့ အပြစ်တင်တတ်တဲ့ စိတ်ကလေးကို မေထုန်ရာသီဖွားတစ်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆိုရင် ဖျောက်ထားဖို့လိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မေထုန်ရာသီဖွားလေးတွေဟာ စိတ်အပြောင်းအလဲမြန်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သူတို့နဲ့ အလိုက်သင့်ဖြစ်အောင် အလျင်အမြန်ပြောင်းတတ်ဖို့ လိုပါတယ်။

၇။ မေထုန်ရာသီဖွားလေးတွေဟာ ကိစ္စတစ်ခုခုကိုအလွယ်တကူငြီးငွေ့လွယ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အနာဂတ်အစီအစဉ်တွေကို ချထားဖို့လိုပါတယ်။

၈။ မေထုန်ရာသီဖွားလေးတွေဟာ စိတ်ပါဝင်စားတဲ့အရာတွေကို ရာနှုန်းပြည့်အာရုံစိုက်ပြီး လုပ်တတ်ကြပေမယ့် တစ်ခါတလေမှာ အပျင်းကြီးတတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အနောက်ကနေ လိုရင်လိုသလို တွန်းတတ်ဖို့ လိုပါတယ်။

၉။ မေထုန်ရာသီဖွားလေးတွေဟာ အပေါင်းအသင်းမက်ပြီး အပေါင်းအသင်းတွေရဲ့ အချစ်တော်လေးပါ။ ဒါ့ကြောင့်သင့်အနေနဲ့ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်နဲ့ အလိုက်သင့်ဖြစ်အောင် နေတတ်ဖို့လိုပါတယ်။

၁ဝ။ မေထုန်ရာသီဖွားလေးတွေဟာ စိတ်ထိခိုက်လွယ်ပါတယ်။ သင်ထင်မှတ်မထားတဲ့ အပြုအမူသေးသေးလေးတွေဟာ သူတို့ကို များစွာ ထိခိုက်စေတတ်တာကြောင့် သူတို့ရဲ့ ခံစားချက်လေးတွေကို အလေးထားတတ်ဖို့ လိုပါတယ်။