ပျော်ရွှင်တဲ့ ဘဝအတွက် စည်းမျဉ်းတစ်ခု

blank

မိတ်ဆွေ…

လောကကြီးမှာ လူတချို့က သင့်ကိုအကြောင်းပြချက်မရှိဘဲ နှစ်သက်သဘောကျသလို တချို့ လူတွေကျတော့လည်း ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ သင့်ကို ကြည့်မရဖြစ်ကြပါလိမ့်မယ်။ ဒါဟာ သဘာဝပါပဲ။ အဲ့ဒီသဘာဝအပေါ်မှာ လိုက်ခံစားနေရင် သင့်ဘဝမှာ ဘယ်တော့မှ ပျော်ရွှင်ရတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ သင့်ဘဝပျော်ရွှင်မှုဆိုတာ…

  • သင်ဘယ်သူနဲ့ အများဆုံးအချိန်ဖြုန်းသလဲ
  • သင်ဘာတွေအများဆုံးတွေးလဲ
  • သင်ဘာတွေအများဆုံးအားထုတ်ဖြစ်နေလဲ

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆိုတာတွေအပေါ်မှာ လုံးဝမူတည်နေပါတယ်။ သင့်အပေါ် တန်ဖိုးမထားဘဲ နှိမ့်ချဆက်ဆံသူ တွေနဲ့ နီးနီးကပ်ကပ်နေခြင်းက သင့်ပျော်ရွှင်မှုကို သင်ကိုယ်တိုင်ချိုးနှိမ်ထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သင့်ကို တန်ဖိုးထားတဲ့သူ၊ သင့်ကို တကယ်ချစ်ခင်သူတွေနဲ့သာ နီးနီးကပ်ကပ်နေလိုက်ပါ။ သင့်ဘဝကို ပျော်ရွှင်စွာ တည်ဆောက်လိုက်ပါ။

အပြုသဘောဆောင်အတွေးအခေါ်တွေကို တခြားသူတွေအတွက်ပါ မျှဝေပေးလိုက်ပါဦးနော်။