ကံကြမ္မာဆိုတာ တစ်ပတ်ပြန်လည်လာတတ်တဲ့အရာပါ။

blank

စာချစ်သူတို့ရေ…

လောကကြီးမှာ အချိန်နဲ့ ကံကြမ္မာတွေဆိုတာ မတည်မြဲတဲ့အရာတွေပါ။ အဲ့ဒီအရာတွေက လှည်းဘီးလို အမြဲတမ်းတစ်ပတ်ပြန်လည်လာတတ်တာကိုလည်း မမေ့ပစ်လိုက်ပါနဲ့။

  • ငှက်တစ်ကောင်အသက်ရှင်နေတဲ့အခါ ပုရွက်ဆိတ်တွေကို စားတယ်။ အဲ့ဒီငှက်သေသွားတဲ့အခါ ပုရွက်ဆိတ်တွေက စားတယ်။
  • သစ်တစ်ပင်က မီးခြစ်ဆံ ၁ သန်းထွက်အောင် ထုတ်လုပ်နိုင်ပါတယ်။ သစ်ပင်တစ်သန်းလုံး မီးလောင် ကျွမ်းဖို့ကတော့ မီးခြစ်ဆံ ၁ ဆံပဲလိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အခြေအနေအားလုံးဟာ အချိန်ကိုလိုက်ပြီး ပြောင်းလဲသွားနိုင်တာကြောင့် ဘယ်သူ့ကိုမှ နှိမ့်နှိမ့်ချချ မဆက်ဆံဖို့နဲ့ နာကျင်အောင် မလုပ်မိဖို့ လိုပါတယ်။ ဒီနေ့မှာ သင်က အတော်ဆုံးလူ တစ်ယောက်ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ မနက်ဖြန်မှာ သင့်ထက် ပိုတော်တဲ့ လူတစ်ယောက်ပေါ် လာနိုင်တာကို အမြဲသတိရပါ။

ဒါကြောင့် အရာရာကို ခဏလေးမကြည့်ပါနဲ့။ ရေရှည်ကြည့်ပါ။ ပြောင်းလဲတတ်တဲ့သဘော တရားတွေကို နားလည်နိုင်ဖို့ ကြိုးစားပါ။

ခံစားမှုရသလေးတွေကို ပြန်လည်မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။