မမနဲ့ ဒိတ်လုပ်ရင် ဒီလိုလေးတွေဖြစ်တတ်တယ်။

blank

ဂန္ထဝင်စာချစ်သူ

သင်ဟာ သင့်ထက်အသက်ကြီးတဲ့ မမတစ်ယောက်ကို ဒိတ်လုပ်နေသူတစ်ယောက်လား…။

လေ့လာမှုတွေအရ မမတစ်ယောက်ကို ဒိတ်မမနဲ့ ဒိတ်လုပ်ရင် ဒီလိုလေးတွေဖြစ်တတ်တယ်။လုပ်ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးလေးတွေ ရရှိနိုင်တယ်တဲ့…။

မမတွေဟာ သင့်ထက် ဘဝအတွေ့အကြုံတွေ ပိုများပါတယ်။ ဒါကြောင့် သင့်အတွက် အကြံဉာဏ်ကောင်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

မမတွေဟာ ဆယ်ကျော်သက်တွေလို ရင်ခုန်စိတ်လှုပ်ရှားစရာ အလှတွေမပိုင်ဆိုင်ကြပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့ အလှနဲ့ ကျက်သရေရှိစွာ လှနေကြတဲ့သူတွေဖြစ်ပါတယ်။ မမရဲ့ အလှဟာ ဝိုင်တစ်ခွက်လိုပဲ သာယာယစ်မူးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

မမတွေရဲ့ ဘဝမှာ ချဉ်းကပ်ခဲ့သူပေါင်းများစွာ ကြုံတွေ့ခဲ့လိမ့်မယ်။ သင့်ကိုရွေးချယ်လိုက်တယ် ဆိုကတည်းက မမတစ်ယောက်ရဲ့ သစ္စာတရားအတွက် သံသယဝင်စရာ မလိုတော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မမတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ထားတယ်ဆိုရင် ချစ်သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအပြင် အစ်မအရင်းတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ မိခင်တစ်ယောက်ရဲ့ အေးမြတဲ့မေတ္တာကိုပါရပါလိမ့်မယ်။ သင့်လမ်းကြောင်းမှားပေါင်းမရောက်အောင်လည်း မေတ္တာတွေနဲ့ ဆုံးမပါလိမ့်မယ်။

မမတွေဟာ တည်ငြိမ်တယ်၊ ရင့်ကျက်တယ်၊ စည်းစနစ်ကျနတယ်။ သူတို့ကိုယ်သူတို့ ကောင်းကောင်းထိန်းချုပ်နိုင်ကြတယ်။ ဘဝရဲ့အချိန်တော်တော်များများကို တစ်ယောက်တည်း နေတတ်လာပြီးဖြစ်တဲ့ အတွက် သင့်ဘေးနားမှာ တစ်ချိန်လုံးတွယ်ကပ်နေမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သင့်ကိုတစ်ချိန်လုံးဖက်တွယ်ချုပ်ကိုင်နေတာမျိုးတွေမရှိဘဲ လွတ်လပ်စွာနေထိုင်နိုင်ပါလိမ့်မယ်။

ဒါ့အပြင် မမတွေဟာ.

စိတ်ဓာတ်ခိုင်မာတယ်။

နူးညံ့သိမ်မွေ့တယ်။

မေတ္တာတရားကြီးမားတယ်။

မိသားစုဘဝကို တန်ဖိုးထားတယ်။

သစ္စာတရားကို မြတ်နိုးတယ်။

ကဲ… ဂန္ထဝင်စာချစ်သူ ကိုကိုမောင်မောင်တို့ရေ… သင်ကြိတ် crush နေတဲ့ မိန်းကလေးဟာ သင့်ထက်အသက်ကြီးတဲ့ မမတစ်ယောက်ဖြစ်နေတယ်ဆိုရင် အခုပဲသွားပြီး ချစ်ခွင့်ပန်လိုက်ပါနော်။