စိတ်ဓာတ်ကျခြင်းနွံထဲကနေ လွတ်မြောက်အောင် ရုန်းထွက်နိုင်ဖို့ နည်းလမ်းကောင်းများ

blank

၁။ စိတ်ဓာတ်ကျပြီး စိတ်ညစ်နေရတာက သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိထားပါ။

၂။ လူတွေပြောတဲ့အပြစ်တင်စကားတွေကို နားမထောင်ပါနဲ့။ အကြံကောင်းတွေကိုသာ နားထောင်ပါ။

၃။ စိတ်ဖိစီးမှုတွေ အရမ်းများလာပြီဆိုရင် စုတ်တံ (သို့) ခဲတံကိုင်ပြီး အတွေးထဲမှာ ပေါ်လာသမျှတွေကို ပန်းချီဆွဲပါ။

၎။ အာဟာရပြည့်ဝစွာ စားသောက်ပါ။ စားချင်သောက်ချင်စိတ်မရှိဘူးဖြစ်နေရင် သင်အရမ်းကြိုက်တဲ့ အစားအစာတွေကို စားပါ။

၅။ စိတ်ငြိမ်အောင် တရားထိုင်ပါ။ စိတ်ဓာတ်ကျစေတဲ့ အရာတွေအားလုံးကို မေ့ထားလိုက်ပါ။

၆။ မျိုသိပ်ခံစားမနေဘဲ စိတ်လက်ပေါ့ပါးသွားအောင် အားရပါးရ ငိုချပစ်လိုက်ပါ။

၇။ သင့်ကို စိတ်ဓာတ်ကျစေတဲ့၊ နိမ့်ကျစေတဲ့သူတွေကို ဝေးဝေးရှောင်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ ပျော်ရွှင်နေတဲ့သူတွေကို ကြည့်ပြီး မနာလိုမဖြစ်ပါနဲ့။ ကိုယ့်ဘဝကိုလည်း မကျေမနပ်မဖြစ်ပါနဲ့။ သူတို့မှာလည်း သင်မသိတဲ့အခက်အခဲတွေရှိနေနိုင်တာကို သတိပြုပါ။

၉။ စိတ်ဓာတ်ကျစေတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်လိုက်ပါ။ ဒေါသတွေ၊ ရန်ငြှိုးတွေ၊ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေကို စိတ်နှလုံးသားထဲကနေ မောင်းထုတ်လိုက်ပါ။

၁ဝ။ ကိုယ့်ကို လှပစေမယ့်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။

၁၁။ ဝမ်းနည်းစရာတွေကို ပြန်တွေးပြီး စိတ်ညစ်မနေပါနဲ့။ ပျော်ရွှင်ရမယ့် အကြောင်းအရင်းတွေကို ရှာဖွေပြီး ရယ်မောလိုက်ပါ။

၁၂။ ရိုးရှင်းလွယ်ကူတဲ့ အားကစားလေ့ကျင့်ခန်းလုပ်ပါ။

၁၃။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘယ်သူမှ ကိုယ့်အနားမရှိဘူးဆိုပြီး ဝမ်းနည်းအားငယ်နေတတ်ပါတယ်။ အဲ့လိုအတွေးတွေကို စွန့်လွှတ်လိုက်ပါ။

၁၄။ ရင်ထဲမှာ ခံစားရတာတွေ သိပ်များနေပြီဆိုရင် ခင်မင်ရတဲ့သူတစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ စိတ်ချမ်းသာပျော်ရွှင်အောင်နေထိုင်ဖို့ အကူအညီတောင်းပါ။

ဂန္ထဝင်ပရိသတ်ကြီးအားလုံး စိတ်ချမ်းသာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။