စာချစ်သူတို့ရေ…
အတူအိပ်၊ အတူစား၊ အတူသွားပြီး အချိန်တိုင်းအတူရှိနေရုံနဲ့ သူငယ်ချင်းအရင်းအချာတွေ ဖြစ်မလာပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေနဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲဆိုတာကို ဒီစာစောင်လေးကနေ တင်ဆက်ပေးလိုက်ပါတယ်။
သူငယ်ချင်းဆိုတာ …
- သင့်ကိုအိပ်ရေးပျက်စေတဲ့အကြောင်းတွေကို မနက်စောစောမှာ ရင်ဖွင့်တိုင်ပင်လို့ရတယ်။
- မနေ့က ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဖောက်သည်ချလို့ရတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
- အပ်ကြောင်းထပ်နေတဲ့ ဟာသကို ခဏခဏပြောလည်း အားပါးတရ ရယ်မောတတ်တယ်။
- စားဖို့သောက်ဖို့၊ သွားဖို့လာဖို့ရှိရင် အမြဲသတိရတတ်တယ်။
တကယ်တော့ သူငယ်ချင်းဆိုတာ ချစ်ခြင်းမေတ္တာရဲ့အသွင်အပြင်တစ်ခုပါ။ ဘယ်လိုအခြေအနေမျိုးရောက်ရောက် သူငယ်ချင်းကောင်းတွေက သင်နဲ့အတူရပ်တည်ပေးပြီး ချစ်ခင်ပေးနေမှာပါ။
ဒီစာစောင်လေးကိုဖတ်ကြည့်ပြီး နှစ်သက်တယ်ဆိုရင် သင့်အချစ်ဆုံးသူငယ်ချင်းကို Mention ခေါ်ပေးလိုက်ပါ။