ဘယ်အချိန်မှာ လက်ထပ်သင့်တာလဲ

blank

သင့်သူငယ်ချင်းတွေအားလုံး အိမ်ထောင်ရက်သားကျကုန်ကြလို့ မင်္ဂလာမဆောင်ပါနဲ့။

အိမ်နီးချင်းအန်တီကြီးတွေရဲ့ အပျိုကြီးပဲလုပ်တော့မှာလား ဆိုတဲ့ မေးခွန်းကို စိတ်ပျက်ပြီး မင်္ဂလာမဆောင်ပါနဲ့။

ချစ်သူများနေ့မှာ အထီးကျန်နေတော့မှာပဲလို့ တွေးမိပြီးလည်း အိမ်ထောင်ပြုဖို့မစဉ်းစားပါနဲ့။

အနောက်ကတန်းစီနေတဲ့ မောင်နှမတွေကို အားနာပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။

ရည်စားဟောင်းက မင်္ဂလာဆောင်တော့မှာမို့လို့ ကိုယ်လည်းအားကျမခံလိုက်ဆောင်တာမျိုးလည်း မလုပ်လိုက်ပါနဲ့။

ချစ်သူသက်တမ်းကြာနေပြီဖြစ်တာကြောင့် ပတ်ဝန်းကျင်က  ကဲ့ရဲ့ခံရတော့မှာ တွေးပူပြီးတော့လည်း အဆင်သင့်မဖြစ်သေးခင်မှာ အစိုင်းတပြင်း လက်မထပ်လိုက်ပါနဲ့။

အသက်ကြီးလာတဲ့အခါ ကြည့်ရှုစောင့်ရှောက်မယ့်သူမရှိမှာ စိုးရိမ်ပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။

အသက်အရွယ်ကြီးလွန်းပြီး ကလေးမမွေးနိုင်တော့မှာ စိုးရိမ်ပြီးတော့လည်း အိမ်ထောင်မပြုလိုက်ပါနဲ့။

သင်အချိန်တွေနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်…

သင့်ကို တန်ဖိုးထားမြတ်နိုးပြီး သင်လေးစားမြတ်နိုးရတဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်..

သင့်ကို အရှိအတိုင်းလက်ခံပေးပြီး သင်ကအရှိအတိုင်းလက်ခံနိုင်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်…

သင့်ကိုပျော်ရွှင်စေပြီး သူ့ရဲ့ဝမ်းနည်းမှုတွေကို ဝေမျှချင်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်…

ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်သင့်ကို မေတ္တာတရားတွေနဲ့ နွေးထွေးစေမယ့်သူတစ်ယောက်ကို တွေ့တဲ့အချိန်မှာ လက်ထပ်ပါ။

အရေးအကြီးဆုံးကတော့ ဘယ်လိုဖိအားတွေကြောင့်မှ မဟုတ်ဘဲ သင်ကိုယ်တိုင်က ယုံကြည်စွာ ဘဝကို ပုံအောပေးချင်တဲ့သူတစ်ယောက်ကို တွေ့မှလက်ထပ်ပါနော်။ သီတင်းကျွတ်သွားတာက အရေးမကြီးပါဘူးနော်။ ဘယ်သူတွေဘာတွေပြောပြော သင်လက်ထပ်ဖို့ ဆန္ဒမရှိသေးသရွေ့တော့ သင့်ဘဝကို သင့်စိတ်ကြိုက်ဖန်တီးပါ။

သင်ကအိမ်ထောင်ကျပြီးသားသူတစ်ယောက်ဆိုရင်လည်း ပတ်ဝန်းကျင်ရဲ့ ကလေးဘယ်တော့ယူမှာလဲ ဆိုတဲ့ မေးခွန်းတွေကို ကြောက်ပြီး အလျဉ်စလို ကလေးမယူပါနဲ့။ သင်တို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဆန္ဒနဲ့ သင်တို့ရဲ့အခြေအနေအရပ်ရပ်ကို သဘောပေါက်ပြီး ကလေးဘယ်တော့ယူမှာလဲ ဘယ်နှယောက်ယူမှာလဲ ဆိုတာကို ဆုံးဖြတ်ပါ။

သင်က အပျိုကြီး၊ လူပျိုကြီးဘဝမှာ စိတ်ချမ်းသာနေသေးတယ်ဆိုရင်တော့ Single is the best ပေါ့နော်။

စာချစ်သူတို့ရဲ့ ခံစားမှုရသနဲ့ စိတ်ဓာတ်ခွန်အားအတွက် ဂန္ထဝင်မဂ္ဂဇင်း နဲ့ Lydia Myanmar တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။